သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားမှာ ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ


တူနီးရှားမှာ ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ
တူနီးရှားမှာ ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ

တူနီရှားနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ အာဏာရှင် Zine el Abidine Ben Ali ပြုတ်ကျသွားပြီး အခု ၁၀ လအကြာမှာတော့ တူနီးရှားပြည်သူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်ကို ရွေးချယ်မယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြပါပြီ။ အခု တနင်္လာနွေနေ့မှာလုပ်မယ့် ရွေးကောက်ပွဲဟာ တူနီးရှားနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၅၆ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးကျင်းပမယ့် ဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပါတယ်။

လွှတ်တော်အမတ် ၂၁၇ နေရာအတွက် နိုင်ငံရေးပါတီပေါင်း ၁၀၀ ကျော် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်တော့ တူနီးရှားပြည်သူတွေအနေနဲ့ အနိုင်ရပါတီတစ်ခုတည်းကိုပဲ ပြန်ရွေးချယ်ဖို့ ဖိအားပေးခံခဲ့ကြရတာပါ။ အခု ရွေးကောက်ပွဲမှာတော့ သဘောထားပျော့ပြောင်းတဲ့ အစ္စလာမ်ပါတီ Ennadha ဟာ အများဆုံးနေရာ အနိုင်ရမယ်လို့ လေ့လာသူတွေက တွက်ဆပါတယ်။ ဒါပေမဲ့လို့ လွှတ်တော်ထဲ လူများစုဖြစ်ဖို့တော့ ခက်မယ်လို့ ယူဆပါတယ်။

အစိုးသစ်ဖွဲ့ပြီးပြီဆိုရင်တော့ အဲဒီအစိုးရအနေနဲ့ အရင်တုန်းက အာဏာရှင် ဖွဲ့စည်းပုံနေရာမှာ ဖွဲ့စည်းပုံသစ် တစ်ရပ် အစားထိုးဖို့ အစိုးရသစ်က လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မဲရုံတွေကိုတော့ ရဲတွေ စစ်သားတွေက စောင့်ကြည့်ပေးပါလိမ့်မယ်။ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ၊ သတင်းထောက် တွေဟာလည်း မဲရုံတွေကို စောင့်ကြည့်ခွင့်ရမှာဖြစ်ပါတယ်။

အခု တူနီးရှားရွေးကောက်ပွဲကို နိုင်ငံတကာကတော့ အထူးကို စောင့်ကြည့်နေပါတယ်။ အခု ရွေးကောက်ပွဲအရ အစိုးရတစ်ရပ်ထွက်လာမယ်ဆိုရင်တော့ တူနီးရှားနိုင်ငံဟာ ဒေသတွင်းမှာ ဒီမိုကရေစီရေး ဆော်သြလှုံ့ဆော်နိုင်တဲ့ အခြေအနေတစ်ရပ်ရှိလာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG