သုံးရလွယ်ကူစေသည့် Link များ

တူနီးရှားအနိုင်ရပါတီ ညွန့်ပေါင်းဖွဲ့မည်

  • ဗွီအိုအေ (မြန်မာဌာန)

တူနီးရှားအနိုင်ရပါတီ ညွန့်ပေါင်းဖွဲ့မည်

အာရပ်ကမ္ဘာမှာ အာဏာရှင်တွေကို ဆန့်ကျင်လာစေခဲ့တဲ့ လူထုအုံကြွမှုတွေကို စတင်ခဲ့ရာ တူနီးရှားနိုင်ငံမှာ အသစ်ရွေးချယ်တင်မြှောက်ခဲ့တဲ့ Ennahda ပါတီက ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းဖို့ သူ့ရဲ့ပြိုင်ဘက်ပါတီတွေနဲ့ စတင်ဆွေးနွေးမှုတွေ လုပ်လာနေပါပြီ။

တူနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပြီး နောက်တစ်ရက် အကြာမှာပဲ ရွေးကောက်ပွဲအနိုင်ရ Ennahda ပါတီက ညွှန့်ပေါင်းဖွဲ့ဖို့ ပြောနေတာပါ။ Ennahda ပါတီခေါင်းဆောင် Rachid Ghannouchi ကတော့ သူ့ရဲ့ အစ္စလာမ်မစ်ပါတီဟာ အစိုးရသစ်ဖွဲ့ပြီးရင် ညီအစ်ကိုတွေလို ရင်းရင်းနှီးနှီး လုပ်ဆောင်သွားပါမယ်လို့ မနေ့တုန်းက ပြောပါတယ်။

Ennahda ပါတီကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေဟာ Sidi Bouzid မြို့မှာ မနေ့က ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီမြို့က Ennahda ပါတီရုံးကို အတင်းဝင်ရောက် စီးနင်းကြဖို့လုပ်နေတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေသုံး၊ သေနတ်တွေကို မိုးပေါ်ကိုထောင်ပစ်ပြီးတော့ လူစုခွဲခဲ့ရပါတယ်။ ဆန္ဒပြမှုတွေဟာ ကြာသပတေးနေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး Ennahda ပါတီ ခေါင်းဆောင်ကတော့ လူတွေကို အေးအေးဆေးဆေး ရှိနေကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG