သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျပ်အတည်း ကြုံတဲ့ တူနီးရှားမှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစား

နိုင်ငံရေး အကျပ်အတည်း ကြုံတဲ့ တူနီးရှားမှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစား
နိုင်ငံရေး အကျပ်အတည်း ကြုံတဲ့ တူနီးရှားမှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစား

လူထု ဆန္ဒပြမှုတွေကနေ အာဏာရှင် သမ္မတ ပြုတ်ကျသွားခဲ့တဲ့ တူနီးရှားနိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိနေတဲ့ ကြားကပဲ ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။

အာဏာရှင် သမ္မတ ဇိုင်း အယ်လ်-အဘီဒိုင်း ဘန်အလီ (Zine el-Abidine Ben Ali) ပြည်ပကို ထွက်ပြေးသွားခဲ့တာ ၂ ရက်ရှိသွားပြီ ဖြစ်ပေမဲ့ မြို့တော် တူးနစ်စ်ရဲ့ မြောက်ပိုင်း အစွန်အဖျား နေရာတွေမှာ တနင်္ဂနွေနေ့က သေနတ်နဲ့ ပစ်ခတ်မှုတွေ တွေ့ရပါတယ်။

ဒီတိုက်ပွဲတွေဟာ ပြည်ပ ထွက်ပြေးသွားတဲ့ သမ္မတဟောင်းကို အခုထိ သစ္စာစောင့်သိနေဆဲဖြစ်တဲ့ ကိုယ်ရံတော် တပ်ဖွဲ့ဝင်တွေနဲ့ တူနီးရှားစစ်တပ်က တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်နေတာလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အစပိုင်းမှာ တူနီးရှား သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲဟာ နိုင်ငံမှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်မလာအောင် ကြံစည်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

စနေနေ့က ယာယီသမ္မတ အဖြစ်နဲ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ ဖူအပ် မီဘာဇာ (Fouad Mebazaa) က တူနီးရှား ဝန်ကြီးချုပ် မိုဟာမက် ကန်နောချီ (Mohamed Ghanouchi) ကို ညီညွတ်တဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့ ပန်ကြားခဲ့ပါတယ်။ အစိုးရသစ်အဖွဲ့ကို တနင်္လာနေ့မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

မီဘာဇာက ၂ လအတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတရပ် ကျင်းပပေးဖို့ တောင်းဆိုခဲ့ပေမဲ့ နှစ်ပေါင်း ၂၀ ကျော် အာဏာရှင် အုပ်စိုးလာတဲ့ တူနီးရှားနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်အောင် ဘယ်လို ပြင်ဆင်နိုင်မယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က တူနီးရှားနိုင်ငံမှာ ခေါင်းဆောင်မှုအသစ်နဲ့ တရားဥပဒေ စိုးမိုးရေး အမြန်ဆုံး ပေါ်ပေါက်လာစေဖို့ တူနီးရှား နိုင်ငံခြားရေးဝန်ကြီး ကမ်မဲလ် မော်ဂျန်း (Kamel Morjane) ကို တိုက်တွန်းခဲ့ပါတယ်။

This item is part of
XS
SM
MD
LG