သုံးရလွယ်ကူစေသည့် Link များ

မြောက်အာဖရိကဒေသနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို Arab Spring လူထုအုံကြွမှုတွေ ပျံ့နှံ့ ဖြစ်ပေါ်စေခဲ့တဲ့ တော်လှန်ရေးတစ်ခု စတင်ပြီးတဲ့နောက် လပိုင်းအကြာမှာ အခုတော့ တူနီးရှားနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အဖြစ်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။

၁၉၅၆ ခုနှစ်မှာ လွတ်လပ်ရေးရပြီးကတည်းက ပါတီစုံရွေးကောက်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပနိုင်လို့ စိတ်လှုပ်ရှား ဂုဏ်ယူနေကြတဲ့ တူနီးရှားနိုင်ငံသားတွေဟာ မနေ့က ရွေးကောက်ပွဲတွေမှာ လူအများအပြား လာရောက် မဲထည့်ဝင်ခဲ့ကြပါတယ်။

မဲထည့်ဝင်ဖို့ မှတ်ပုံတင်သူ ၄.၁ သန်းထဲကနေ ၉၀ ရာခိုင်နှုန်းကျော် မဲထည့်ဝင်ခဲ့ကြပြီးတော့ ကြိုပြီး မှတ်ပုံ တင်မထားသူတွေ အများအပြားလည်း မဲထည့်နိုင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ ပါတီပေါင်း ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အရင်ကဆိုရင်တော့ အာဏာရပါတီကပဲ ယှဉ်ပြိုင်ခွင့်ရှိတာပါ။ တူနီးရှားကနေ စတင်ပြီး Arab Spring လှုပ်ရှားမှု ပျံ့နှံ့သွားပြီး အခု ၉ လအကြာမှာ တူနီးရှားနိုင်ငံကပဲ ပထမဦးဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်တာဖြစ်ပါတယ်။ ရလဒ်တွေကိုတော့ တနင်္လာနေ့ ဒါမှမဟုတ် အင်္ဂါနေ့မှာ ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG