သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော်


လုပ်ကြံခံရတဲ့ တူနေးရှားခေါင်းဆောင်ရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်လာစဉ်။
လုပ်ကြံခံရတဲ့ တူနေးရှားခေါင်းဆောင်ရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်လာစဉ်။
Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့ နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ နိုင်ငံရေးပါတီ နဲ့ မပါတ်သက်တဲ့ တတ်သိပညာရှင်တွေနဲ့ အစိုးရသစ်ဖွဲ့မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို ညွန့်ပေါင်းအစိုးရထဲမှာ လွှမ်းမိုးတဲ့ ဝန်ကြီးချုပ်ရဲ့ပါတီက ကန့်ကွက်လိုက်ပါတယ်၊ မြို့တော်ထဲမှာလဲ
ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဒုတိယနေ့ဆက်တိုက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။

ဘီလစ် လုပ်ကြံခံခဲ့ရပြီးနောက် မြို့တော်ထဲမှာ အစိုးရကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ် လာတဲ့အတွက် လက်ရှိအစိုးရကို ဖျက်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဝန်ကြီးချုပ် Hamadi Jebali က ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပါတယ်၊ ဒီကြေညာချက်အပေါ် အတိုက်အခံတွေဖက်က ကျယ်ကျယ်ပြန့်ပြန့်
ထောက်ခံမှုရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Ennahda ပါတီ ဒုတိယခေါင်းဆောင်
Abdelhamid Jelassi က ဒီအစီအစဉ် ကို ပါတီက လက်မခံနိုင်ဘူးလို့ ကြာသပတေးနေ့မှာ
ပြောခဲ့ပါတယ်။ ခုလို လူသိရှင်ကြား ကန့်ကွက်လိုက်တဲ့အတွက် ပါတီထဲမှာ
သဘောထားကွဲမှုတွေ ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာလဲ ဖြစ်ပါတယ်၊
XS
SM
MD
LG