သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှား ဝန်ကြီးများ အာဏာရပါတီက နှုတ်ထွက်


တူနီးရှား ဝန်ကြီးများ အာဏာရပါတီက နှုတ်ထွက်
တူနီးရှား ဝန်ကြီးများ အာဏာရပါတီက နှုတ်ထွက်

တူနီးရှားနိုင်ငံရဲ့ ကြားဖြတ်အစိုးရထဲမှာ ပါဝင်နေတဲ့ ဝန်ကြီးတွေဟာ ရာထူးကနေ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း ဘန်အာလီ (Ben Ali) ရဲ့ ပါတီထဲကနေ နှုတ်ထွက်သွားကြပြီလို့ အစိုးရ ရုပ်သံကနေ ကြေညာသွားပါတယ်။

နိုင်ငံရေးထဲမှာ သမ္မတဟောင်းပါတီက လွှမ်းမိုးနေဆဲ ဖြစ်တဲ့အတွက်လို့ ဆိုပြီး ကြားဖြတ်အစိုးရထဲကနေ ဝန်ကြီး ၄ ယောက် နှုတ်ထွက်သွားပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။

ကြားဖြတ်အစိုးရမှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးနေရာတွေကို အရင်အစိုးရက ဝန်ကြီးတွေကိုပဲ ဆက်ပြီး ခန့်ထားတယ်လို့ ဝန်ကြီးချုပ် မိုဟာမက် ဂနိုချီ (Mohamed Ghannouci) က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အခုတော့ ဝန်ကြီးချုပ် ဂနိုချီရော ကြားဖြတ်အစိုးရ သမ္မတ Fouad Mebazaa တို့ ၂ ယောက်လုံး အရင်ခေါင်းဆောင်ဟောင်းနဲ့ မပတ်သက်တော့ဘူး ဆိုတာကို ပြသတဲ့ အနေနဲ့ RCD ပါတီကနေ နှုတ်ထွက်ခဲ့ကြပါတယ်။

အစိုးရသစ်ရဲ့ ပထမဆုံး ဝန်ကြီးအဖွဲ့ စည်းဝေးပွဲကို ဒီနေ့ ကြာသပတေးနေ့မှာ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တူးနစ်စ် (Tunis) မြို့တော်ထဲမှာ ရာနဲ့ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်က ခြောက်လှန့် ပစ်ခတ် သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။

ကြားဖြတ်အစိုးရသစ်ထဲမှာ အရင်ပါတီဟောင်းနဲ့ အင်မတန် နီးစပ်သူတွေ ပါနေတယ်လို့ ဆိုပြီး ဝေဖန် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ကြားဖြတ်အစိုးရ ခေါင်းဆောင်တွေကတော့ အရင်အစိုးရနဲ့ ကွဲပြားပါတယ် ဆိုတာကို ပြသချင်တဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးလိုက်သလို ဖြုတ်ချခံရတဲ့ သမ္မတနဲ့ မိသားစုဝင်တွေ ပြည်ပမှာထားတဲ့ ပိုင်ဆိုင်မှုတွေ နောက်ကို လိုက်နေကြပါတယ်။

နိုင်ငံခြားထွက်ပြေးဖို့ လုပ်နေကြတဲ့ သမ္မတဟောင်း ဘန်အာလီရဲ့ မိသားစုဝင် ၃၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့လည်း အစိုးရ ရုပ်သံကနေ ကြေညာခဲ့သလို သိမ်းဆည်းရမိတဲ့ ရွှေတွေ၊ လက်ဝတ်လက်စားတွေကို ပြသခဲ့ပါတယ်။

XS
SM
MD
LG