သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှား သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်


တူနီးရှား သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်

အဖြုတ်ချခံ သမ္မတနဲ့ မိသားစုဝင်တွေကို နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်လိုက်ပြီး နောက်တနေ့မှာပဲ တူနီးရှားနိုင်ငံမှာ ကြားဖြတ်အစိုးရ ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။

ဆက်တိုက်ဖြစ်ပွားနေတဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေ ရပ်ဆိုင်းဖို့ ရည်ရွယ်ချက်နဲ့ ဖြုတ်ချခံ သမ္မတ ဘန်အာလီအပေါ် သစ္စာခံတဲ့ ၀န်ကြီးတွေကို ဖယ်ရှားဖို့အတွက် စီစဉ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ အိမ်စောင့်အစိုးရမှာ အတိုက်အခံ ခေါင်းဆောင်ဟောင်းတချို့ ပါဝင်ပေမဲ့ ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးတွေကတော့ မစ္စတာ ဘန်အာလီရဲ့ မဟာမိတ်တွေ ဖြစ်နေပါတယ်။

မစ္စတာ ဘန်အာလီရဲ့ ဇနီးသည် လီလာ ထရာဘီလ်စီ (Leila Trabelsi) နဲ့ မိသားစုဝင်တွေကို ပစ္စည်းဥစ္စာ မတရား ရယူမှု၊ တိုင်းပြည်ဘဏ္ဍာ ပြည်ပကို ထုတ်ယူမှု၊ ပြည်ပမှာ ငွေကြေး အပ်နှံထားမှုတွေနဲ့ စွပ်စွဲထားတယ်လို့ တရားရေးဝန်ကြီး လက်ဇ်ဟာ ချက်ဘီ (Lazhar Karoui Chebbi) က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

အလုပ်အကိုင် ကင်းမဲ့မှု၊ ကုန်ဈေးနှုန်း မြင့်မားမှု၊ ခြစား ပျက်စီးမှုတွေကြောင့် တိုင်းပြည်မှာ လူထု အုံကြွမှုတွေ ပေါ်ပေါက်လာတဲ့အတွက် မစ္စတာ ဘန်အာလီဟာ ဇန်န၀ါရီလ ၂၄ ရက်နေ့က တူနီရှားနိုင်ငံကို စွန့်ခွာပြီး ထွက်ပြေးသွားခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG