သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားသမ္မတ နိုင်ငံကထွက်ခွာ၊ ဝန်ကြီးချုပ် ယာယီသမ္မတတာဝန်ယူ


တူနီးရှားသမ္မတ နိုင်ငံကထွက်ခွာ၊ ဝန်ကြီးချုပ် ယာယီသမ္မတတာဝန်ယူ
တူနီးရှားသမ္မတ နိုင်ငံကထွက်ခွာ၊ ဝန်ကြီးချုပ် ယာယီသမ္မတတာဝန်ယူ

တူနီးရှားနိုင်ငံကို ၂၃ နှစ်ကြာ သမ္မတလုပ် အုပ်ချုပ်ခဲ့တဲ့ Zin El Abidine Ben Ali (ဇင်း အလ် အာဘီဒင်း ဘန် အာလီ) ဟာ တိုင်းပြည်က ထွက်ပြေးသွားပါပြီ။ တူနီးရှားနိုင်ငံမှာ တိုင်းပြည် မတည်မငြိမ်ဖြစ်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း အခုတခါ အဆိုးဆုံးဖြစ်ပျက်နေတာပါ။ လောလောဆယ် ကြားဖြတ်သမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ် မိုဟာမက် ဂန်နူချီက တာဝန်ယူထား ရပါတယ်။ မနေ့ကညနေပိုင်းမှာ သမ္မတ ဘန်အာလီ လေယာဉ်နဲ့ထွက်ပြေးသွားခဲ့တာပါ။

တူနီးရှား စစ် တပ်က လေဆိပ်နဲ့ နိုင်ငံပိုင်လေပိုင်နက်ကို သူထွက်မပြေးခင်မှာ တခြားသူတွေရဲ့ အနှောင့်အယှက် မရှိအောင် ပိတ်ပေး ထားခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံကသတင်းတွေမှာတော့ တူနီးရှားသမ္မတရဲ လေယာဉ်ဟာ ဆော်ဒီနိုင်ငံ ဂျေဒါ (Jeddah) ကိုဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။

တူနီးရှားကို အရင်က သိမ်းပိုက်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံကလည်း သူတို့ဆီကို လာပြီးခိုလှုံဖို့ ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ မစ္စတာ ဘန်အာလီဟာ တိုင်းပြည်က ထွက်မပြေးခင်မှာ သူ့ရဲ့အစိုးရကို ဖျက်သိမ်းခဲ့ပါတယ်။ နောက်ပြီးတော့ တိုင်းပြည်ကိုလည်း နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ လူထုစုဝေးမှုတွေမလုပ်ဖို့နဲ့ ဆူပူသူတွေကိုသေနတ်နဲ့ပစ်ခတ်ဖို့ကိုလည်း လုံခြုံရေး တပ်ဖွဲ့တွေကို အမိန့်ထုတ်ခဲ့ပါတယ်။

တူနီးရှားနိုင်ငံအတွင်းမှာတော့အလုပ်လက်မဲ့တွေများလွန်းတဲ့ပြဿနာနဲ့စားသောက်ကုန် ဈေးတွေ တက်နေတဲ့ပြဿနာတွေကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြနေကြပြီး အဲဒီဆန္ဒပြမှုတွေအတွင်း လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG