သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားသမ္မတ နှုတ်ထွက်ဖို့ ဆန္ဒုပြသူများတောင်းဆို


တူနီးရှားသမ္မတ နှုတ်ထွက်ဖို့ ဆန္ဒုပြသူများတောင်းဆို

ဆန့်ကျင်ဆန္ဒပြပွဲတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းနေတာကို ရပ်ဆိုင်းပါတော့မယ်လို့ အသက် ၇၄ နှစ်အရွယ် တူနီးရှားသမ္မတ Zine El Abidine Ben Ali က ကြာသပတေးနေ့က ကြေညာခဲ့ပေမဲ့ ရာပေါင်းများစွာသော ဆန္ဒပြလူထုတွေကတော့ သမ္မတ ဘန်းအလီ ရာထူးကနေ နုတ်ထွက်ပေးဖို့ ဒီကနေ့ ပြည်ထဲရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ သမ္မသက်တမ်းကုန်ဆုံးရင် ရာထူးကနုတ်ထွက်မှာဖြစ်တယ်၊ ဒီကြားထဲမှာ နိုင်ငံရေးနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ များစွာကို လုပ်ဆောင်ပါမယ်လို့ ၁၉၈၇ ခုနှစ်ကစပြီး ၂၃ နှစ်ကြာ တူနီးရှားနိုင်ငံကို သမ္မတအဖြစ် အုပ်ချုပ်ခဲ့တဲ့ မစ္စတာ ဘန်း အလီ က မနေ့က ကြေညာခဲ့ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နှင်းခြင်း မလုပ်ဖို့နဲ့ အခြေခံ စားသောက်ကုန်တွေ ဖြစ်ကြတဲ့ သကြား၊ နို့နဲ့ပေါင်မုန့် နဲ့ အခြားသော ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ဈေးချဖို့ သမ္မတ ဘန်း အလီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း စားသောက်ကုန်ဈေးတွေ ကြီးမြင့်မှုနဲ့ အလုပ်လက်မဲ့ဦးရေ မြင့်တက်မှုတွေကို မကျေနပ်လို့ ဆန္ဒပြကြတဲ့လူထုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်လို့ လူပေါင်း ၂၃ ဦးသေဆုံးခဲ့ရတယ်လို့ အစိုးရ အရာရှိတွေက သတင်းထုတ်ပြန်ခဲ့ပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သေဆုံးသူ အရေအတွက် ဒီထက်များတာ ထင်ရှားပေါ်လွင်နေတယ်လို့ ဆိုကြပါတယ်။

မြို့တော်တူးနစ္စ် (Tunis) အပါအ၀င် နိုင်ငံတ၀ှမ်းကမြို့တွေမှာ ဆန္ဒပြပွဲတွေ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ အလုပ်သမား သမဂ္ဂတွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေက ဒီကနေ့ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG