သုံးရလွယ်ကူစေသည့် Link များ

သမ္မတဟောင်းပါတီ တူနီးရှား တရားရုံး ဖျက်သိမ်း

  • ဗွီအိုအေ (မြန်မာဌာန)

သမ္မတဟောင်းပါတီ တူနီးရှား တရားရုံး ဖျက်သိမ်း

တူနီးရှား တရားရုံးတခုက ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း ဇိုင်း အယ်လ်-အဘီဒင်း ဘန် အာလီ (Zine el-Abidine Ben Ali) ရဲ့ နိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်ပါတယ်။

သမ္မတဟောင်းရဲ့ RCD ပါတီရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေကြေးတွေကိုလည်း ပြန်လည်ရောင်းချ သိမ်းယူဖို့ ဒီနေ့ပဲ တရားရုံးက ဆုံးဖြတ်လိုက်တာပါ။

ယီမင် ပြည်ထဲရေး ၀န်ကြီးဌာနကတော့ ဇန်န၀ါရီလမှာကတည်းက ပါတီရဲ့ တရားဝင် လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG