မနေ့က ကျင်းပခဲ့တဲ့ တူနီးရှား သမ္မတရွေးကောက်ပွဲ တရားဝင်မဲရလဒ်တွေ ထွက်လာပါပြီ။ တရားဝင်မဲရလဒ်တွေအရ အသက် ၈၈ နှစ်အရွယ် Beji Caid Essebsi ကို သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အကြောင်းလည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။
အခု ရွေးကောက်ပွဲကတော့ ဒီမိုကရေစီစနစ်ဆီ ဦးတည်စေမယ့် နိုင်ငံရဲ့သမိုင်းမှတ်တိုင်တခုအဖြစ်လည်း ရှုမြင်ကြပါတယ်။
သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ Beji Caid Essebsi ရဲ့ အစ္စလာမ္မစ် ဆန့်ကျင်ရေးပါတီက အနိုင်ရခဲ့တာဖြစ်ပြီး ပြိုင်ဘက် ယာယီသမ္မတ Moncef Marzouki ကတော့ ရှုံးနိမ့်သွားပြီဖြစ်ပါတယ်။
မနေ့ကကျင်းပတဲ့ တူနီးရှားရွေးကောက်ပွဲကတော့ တူနီးရှားနိုင်ငံရဲ့ ၂၀၁၁ ခုနှစ် သမ္မတ Zine El Abidine Ben Ali ကို ဖြုတ်ချခဲ့ကြတဲ့ အာရပ် နွေဦး တော်လှန်ရေး ပြီးခဲ့ချိန်ကစလို့ နိုင်ငံ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ အာရပ်နွေဦးတော်လှန်ရေးကာလမှာ တူနီးရှားတို့က နိုင်ငံခေါင်းဆောင်ကို ဖြုတ်ချခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး တူနီးရှားလှုပ်ရှားမှုက တခြား ဒေသတွင်းနိုင်ငံတွေကို ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်ရှင်။