သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီရဲတွေ နိုင်ငံအဝှမ်း ဆန္ဒပြသူတွေကို ဖမ်းဆီး


အန်ကာရာမြို့ ကူဂူလူပန်းခြံအပြင်ဘက်မှာ စောင့်ကြပ်နေတဲ့ လုံခြုံရေး ရဲကား။ (ဂျွန် ၁၈၊ ၂၀၁၃)
အန်ကာရာမြို့ ကူဂူလူပန်းခြံအပြင်ဘက်မှာ စောင့်ကြပ်နေတဲ့ လုံခြုံရေး ရဲကား။ (ဂျွန် ၁၈၊ ၂၀၁၃)
တူရကီနိုင်ငံမှာ သီတင်းသုံးပတ်နီးပါး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က နိုင်ငံအနှံ့မှာ လိုက်လံစီးနင်း ရှာဖွေနေပြီး ဒါဇင်နဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။

မြို့တော် အန်ကာရာမှာတော့ လူ ၂၃ ဦးကို ထိန်းသိမ်းခဲ့ပြီး အစ္စတန်ဘူလ်မြို့မှာ လူ ၂၆ ယောက်ကို ဖမ်းဆီး ထားတယ်လို့ ပြည်ထဲရေးဝန်ကြီး မော်မာဂူလာက အင်္ဂါနေ့မှာ အတည်ပြုပါတယ်။ Eskisehir ဒီမြို့မှာတော့ ၁၃ ဦး ဖမ်းဆီးခံထားရပြီး တခြားမြို့တွေမှာလည်း အဖမ်းအဆီးတွေ တော်တော်များများရှိတယ်လို့ နိုင်ငံပိုင် အသံလွှင့်ဌာနက ဆိုပါတယ်။ အစ္စတန်ဘူက Taksin ရင်ပြင်မှာတော့ အသံတိတ်ဆန္ဒပြနေသူတချို့ကို တူရကီရဲက အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
XS
SM
MD
LG