သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ စစ်ဦးစီးတွေကို အရပ်သားဝန်ကြီးချုပ်က ခန့်အပ်တော့မည်


တူရကီ စစ်ဦးစီးတွေကို အရပ်သားဝန်ကြီးချုပ်က ခန့်အပ်တော့မည်
တူရကီ စစ်ဦးစီးတွေကို အရပ်သားဝန်ကြီးချုပ်က ခန့်အပ်တော့မည်

တူရကီနိုင်ငံမှာ ထိပ်တန်း စစ်ဘက် ဦးစီးမှူး ၄ ယောက် ပြီးခဲ့တဲ့အပတ်က ရာထူးက ထွက်သွားခဲ့ပြီးနောက် အဲဒီ ရာထူးနေရာတွေမှာ လူစားထိုး ခန့်အပ်ဖို့ တူရကီ ဝန်ကြီးချုပ် အာဒိုဂန် (Recep Tayyip Erdogan) က အရေးပါတဲ့ အစည်းအဝေးတခုကို ကျင်းပလိုက်ပါတယ်။

အန်ကာရာမှာရှိတဲ့ ထိပ်တန်း စစ်ဘက်ကောင်စီရဲ့ တနင်္လာနေ့မှာ စတင်တဲ့ ၄ ရက်ကြာ နှစ်ပတ်လည် အစည်းအဝေးကို မစ္စတာ အာဒိုဂန်က ဖွင့်လှစ်ပေးခဲ့ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပူးတွဲထိုင်လေ့ရှိတဲ့ အစည်းအဝေး ထိုင်ခုံထိပ်မှာ ဝန်ကြီးချုပ် တယောက်တည်း နေရာယူခဲ့တယ်လို့ ဆိုပါတယ်။

အုပ်စုကွဲပြားနေတဲ့ စစ်တပ်နဲ့ အစ္စလာမ်ဘာသာရေး ဦးစားပေး တူရကီ အစိုးရကြား တင်းမာမှုတွေ ဖြစ်နေတာ ကာလကြာခဲ့ပါပြီ။

မကြာသေးခင်က အာဏာသိမ်းဖို့ ကြံစည်တယ်လို့ စွပ်စွဲခံရပြီး စစ်အရာရှိ ရာပေါင်းများစွာကို တရားစွဲဆို ဖမ်းဆီးခံရမှုအတွက် ဆန္ဒပြသူ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တွေ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် အိုင်ဆစ် ကိုဆန်နာ (Isik Kosaner) တို့နဲ့ အစိုးရကြား တင်းမာမှုတွေ ပိုကြီးထွားလာခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တူရကီရဲ့ ထိပ်တန်း ဗိုလ်ချုပ် ၄ ယောက် မပါဘဲ နှစ်ပတ်လည် အစည်းအဝေး လုပ်ခဲ့တာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG