သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှူ န်းရေး တူရကီ ပါဝင်


ဆီးရီးယား နယ်စပ်အနီး တူရကီစစ်စခန်း။ (ဇူလိုင် ၂၅၊ ၂၀၁၅)
ဆီးရီးယား နယ်စပ်အနီး တူရကီစစ်စခန်း။ (ဇူလိုင် ၂၅၊ ၂၀၁၅)

ဆီးရီးယားနိုင်ငံထဲက အစ္စလာမ်စစ်သွေးကြွ IS အစွန်းရောက်တွေ ကို သောကြာနေ့မှာ တူရကီနိုင်ငံက နယ်စပ်ဖြတ်ပြီးတော့ လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို သူတို့ရဲ့ လေတပ်စခန်းတွေကိုလည်း အမေရိကန် စစ်လေယာဉ်တွေ အသုံးပြုခွင့်ပေးခဲ့ပါ တယ်။

IS အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် ဆီးရီးယားနယ်စပ်နား တူရကီတောင်ပိုင်း က လေတပ်စခန်းအားလုံးကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ အသုံးပြုနိုင်တယ်လို့ တူရကီနိုင်ငံခြားရေးဌာနကပြောပါတယ်။

ဒါ့အပြင် ဆီးရီးယားနိုင်ငံထဲက IS တွေကို တိုက်ခိုက်တာမှာလည်း ပါဝင် လုပ်ဆောင်မယ်လို့ တူရကီနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန် ချက်မှာ ပြောထားပါတယ်။ တူရကီနဲ့ အမေရိကန်တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုက် တာကြောင့် IS အဖွဲ့ကို တိုက်ခိုက်တာမှာ ပိုထူးခြားလာမယ်လို့ မျှော်လင့်ကြောင်း တူရကီ တာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေထဲက သုံးစင်းဟာ တူရကီအရှေ့တောင်ပိုင်း Diyarbakir မြို့ကနေ သောကြာနေ့ အစောပိုင်းမှာ ထွက်ခွာပြီး ဆီးရီးယားပိုက်နက်ထဲက IS အဖွဲ့ရဲ့ဌာနချုပ်နဲ့ တခြားနေရာတခုကို ပဲ့ထိန်းဒုံးတွေ ကျဲချ တိုက်ခိုက်ခဲ့ တယ်လို့ တူရကီတာဝန်ရှိသူတွေကပြောပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတခုကို သောကြာနေ့နှောင်းပိုင်းမှာ လုပ်ခဲ့တယ်လို့ တူရကီသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

တူရကီရဲ့ အခု လေကြောင်းတိုက်ခိုက်မှုဟာ ဆီးရီးယားနိုင်ငံထဲက IS တွေကို တူရကီအနေနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG