သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားလေယာဉ် တူရကီ ကြားဖြတ်စစ်ဆေး


တူရကီလေကြောင်းအတွင်း ဝင်ရောက်လာသော ဆီးရီးယားခရီးသည်တင်လေယာဉ်အား လေဆိပ်သို့ ဆင်းသက်စေကာ ရှာဖွေခဲ့စဉ်။
တူရကီလေကြောင်းအတွင်း ဝင်ရောက်လာသော ဆီးရီးယားခရီးသည်တင်လေယာဉ်အား လေဆိပ်သို့ ဆင်းသက်စေကာ ရှာဖွေခဲ့စဉ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ကနေ ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့ဆီ ပျံသန်းသွားတဲ့ ဆီးရီးယား ခရီးသည်တင် လေယာဉ် တူရကီလေကြောင်းပိုင်နက်ထဲ ဝင်ရောက်လာစဉ်မှာ တူရကီနိုင်ငံက အတင်းအကြပ် ဆင်းခဲ့ပြီး စစ်ဆေးရှာဖွေခဲ့တာမှာ တရားမဝင် ကုန်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ် လို့ တူရကီနိုင်ငံက ပြောပါတယ်။

နိုင်ငံတကာ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တဲ့ပစ္စည်းတွေကို Ankara နိုင်ငံ Esenboga လေဆိပ်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးရမိတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ကပြောပါတယ်။

တူရကီ NTV ရုပ်မြင်သံကြားဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ဖမ်းမိတဲ့ပစ္စည်းတွေထဲမှာ Missile ဒုံးလက်နက်ရဲ့ အစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဆီးရီးယားလေကြောင်း Airbus A320 လေယာဉ်ပေါ်မှာ ခရီးသည် ၃၀ ကျော်ပါလာပါတယ်။ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေကို ဆီရီးယားမြို့တော်ဆီ ခရီးဆက်ခွင့်ပြုမှာဖြစ်ပေမဲ့ လေယဉ်ပေါ်ပါလာတဲ့ ပစ္စည်းတွေကိုတော့ တူရကီမှာ သိမ်းဆည်းထားမှာဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
XS
SM
MD
LG