သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမီဒီယာ အာဏာပိုင်တွေ ထိန်းချုပ်


တူရကီ Zaman သတင်းစာအယ်ဒီတာချုပ် Ekrem Dumanli က အဖမ်းခံရစဉ် အားပေးနေတဲ့ ထောက်ခံသူတွေကို ပြန်လည်အသိအမှတ်ပြုစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၄)
တူရကီ Zaman သတင်းစာအယ်ဒီတာချုပ် Ekrem Dumanli က အဖမ်းခံရစဉ် အားပေးနေတဲ့ ထောက်ခံသူတွေကို ပြန်လည်အသိအမှတ်ပြုစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၄)

တူရကီနိုင်ငံ အာဏာပိုင်တွေက နိုင်ငံအနှံ့မှာရှိတဲ့သတင်းဌာနတွေကို တနင်္ဂနွေနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး သမ္မတ ရီဆတ် တာယစ် အာဒိုဝမ် (Recep Tayyip Erdogan) ရဲ့ ပြိုင်ဘက်ဖြစ်သူကို ထောက်ခံကြသူ အနည်းဆုံး ၂၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုဖမ်းဆီးဖို့အတွက် သမ္မတကအမိန့်ပေးခဲ့တာဖြစ်ပြီး သစ္စာဖောက်တွေရဲ့ကွန်ယက်အဖြစ် အားလုံးကို ဖြိုခွဲမှာဖြစ်တဲ့အကြောင်းနဲ့ သူတို့လုပ်ရပ်အတွက် ပေးဆပ်ရလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာဆိုရင် ၁၉၉၉ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှာ တိမ်းရှောင်နေထိုင်နေတဲ့ မူဆလင်ဘာသာရေး ခေါင်းဆောင် ဖာသူလာ ဂူလန် (Fethullah Gulen) ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ အဖမ်းခံရသူတွေထဲမှာ တူရကီနိုင်ငံက အရောင်းရဆုံးသတင်းစာတစောင် ဖြစ်တဲ့ ဇာမန် (Zaman) သတင်းတိုက်က အယ်ဒီတာချုပ် အက်ခရမ် ဒူမန်လီ (Ekrem Dumanli) လည်း ပါဝင်ပါတယ်။

ဒူမန်လီကတော့ တူရကီမီဒီယာတွေဟာ ဒီမိုကရေစီကို ပျက်သုဉ်းအောင် ရည်ရွယ်နေတဲ့ မကောင်းဆိုးရွားတကောင်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့တာပါ။ မီဒီယာတွေကို အာဏာသိမ်းသလို ထိန်းချုပ်ဖို့ အစိုးရက ကြိုးပမ်းနေတယ်လို့လည်း သူကစွပ်စွဲခဲ့ပါတယ်။

XS
SM
MD
LG