သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ကန် သံရုံး ဗုံးကွဲ တစ်ဦး သေ


တူရကီ အမေရိကန်သံရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ်။
တူရကီ အမေရိကန်သံရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ်။
တူရကီနိုင်ငံ အန်ကာရာမြို့မှာရှိတဲ့ အမေရိကန်သံရုံးအပြင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အနဲဆုံး လူတဦး သေဆုံးသွားတယ်လို့ တူရကီ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသွားသူဟာ သံရုံး လုံခြုံရေးဝန်ထမ်းဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အဲဒီ လုံခြုံရေးဝန်ထမ်းဟာ X – Ray စစ်ဆေးဂိတ်အနီးမှာ သေဆုံးသွားတာလို့ ဗွီအိုအေ တူရကီသတင်းဌာန သတင်းထောက်က ပြောပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သံရုံးလုံခြုံရေးကင်မရာက အလုပ်မလုပ်ဘူးလို့ အဲဒီ သတင်းထောက်က ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးပြီးချင်း သံရုံးကို ပိတ်ထားလိုက်ပြီး ဝန်ထမ်းတွေအားလုံးကိုလဲ လုံခြုံတဲ့နေရာမှာ ရွေ့ထားလိုက်တယ်လို့ သံရုံးဝန်ထမ်းက ဗွီအိုအေကို ပြောပါတယ်။

မျက်မြင်သက်သေတွေအဆိုအရကတော့ ဒီပေါက်ကွဲမှုဟာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အသေခံဗုံးခွဲသမားဟာ သံရုံးအဝင်ဝမှာ ဖောက်ခွဲလိုက်တာလို့ တူရကီရဲအရာရှိတွေက အေပီသတင်းဌာနကို ပြောပါတယ်။ တူရကီအစိုးရရဲ့ စည်းမျဉ်း ဥပဒေတွေအရ အမည်မဖော်ပဲ အဲဒီအရာရှိက အေပီသတင်းဌာနကို ပြောလိုက်တာပါ။

အရေးပေါ် ကယ်ဆယ်ရေးကားတွေနဲ့ မီးသတ်သမားတွေ အခင်းဖြစ်ပွားရာကို အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။ အမေရိကန်သံရုံးရှိတဲ့ ဒီဒေသမှာ တခြားနိုင်ငံတွေက သံရုံး အတော်များများလည်း ရှိပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက အစ္စတန်ဘူလ်မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးအပြင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေနတ်သမား ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG