တူရကီမှာ ဗုံးပေါက်ကွဲ ၆ ဦးသေ
{{Zawgyi/Unicode}}
တူရကီနိုင်ငံ၊ အီစတန်ဘူမြို့ရဲ့ အချက်အခြာ လူစည်ကားရာနေရာမှာ တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး၊ အစိုးရတာဝန်ရှိသူတွေကတော့ အကြမ်းဖက်ဝါဒီ လုပ်ရပ်အဖြစ် ယူဆနေကြပါတယ်။
လတ်တလော ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဗုံးဖောက်ခွဲတဲ့သူဟာ အမျိုးသမီးအဖြစ် ယူဆထားပြီး၊ အကြမ်းဖက်ဝါဒစွဲနဲ့ တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ ယူဆထားကြောင်း ဒုသမ္မတ Fuat Oktay က သတင်းထောက်တွေကို ပြောလိုက်တာပါ။
ပေါက်ကွဲမှုကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိသူ ၂ ဦး အပါအဝင် လူ ၈၁ ဦး ဒဏ်ရာ ရရှိသွားတယ်လို့လည်း သူကပြောပါတယ်။
တူရကီ သမ္မတ Recep Tayyip Erdogan ကလည်း ဒါဟာ အလွန်ကို ဆိုးဝါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ကျူးလွန်သူတွေကို အပြစ်ပေးရမယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေ လက်ချက်ဖြစ်နိုင်ကြောင်းလည်း ပြောခဲ့ပေမဲ့ အကြောင်းရင်းကိုတော့ ရှင်းမပြပါဘူး။
ပြီးခဲ့တဲ့ ၂ဝ၁၅ နဲ့ ၂ဝ၁၇ ခုနှစ်တွေကလည်း တူရကီမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ဖူးပြီး တချို့ကတော့ IS အစ္စလာမ်အစွန်းရောက်အဖွဲ့ လက်ချက်ဖြစ်ပြီး ၊ တချို့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကာဒ်စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်ပါတယ်။
..................................................
တူရကီမှာ ဗုံးပေါကျကှဲ ၆ ဦးသေ
{{Zawgyi/Unicode}}