တူရကီမှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အဆိုးရွားဆုံး မြေငလျင်ကြီးလှုပ်သွားခဲ့လို့ တူရကီနိုင်ငံအရှေ့တောင်ပိုင်းနဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ နောက်ဆုံး ရေတွက်ရသလောက်ထိ လူပေါင်း ၃ သောင်း ၇ ထောင် သေဆုံးခဲ့ရပါပြီ။ အခုအချိန်မှာ အပြိုအပျက်ပုံအောက် အသက်ရှင်ကျန်ရစ်သူရှိဦးမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း မှေးမှိန်စပြုရပါတယ်။ အိုးအိမ်မဲ့ စားရေရိက္ခာအထူး လိုအပ်သူတွေ ရှင်သန်ရပ်တည်ရေး တော်တော်ခက်ခက်ခဲခဲ လုပ်ကြရမှာ ဖြစ်ပါတယ်။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃)
တူရကီငလျင်ကြီးနောက်ဝယ်

၉
ငလျင်ဗဟိုချက်နဲ့ အနီးကပ်ဆုံး ကာရာမန်း မရတ်ရှ်မြို့မှာ သေဆုံးရသူတွေကို မြှပ်နှံထားတဲ့ သချို င်္င်အနီး ပူဆွေးငိုကြွေးနေသူတဦးပါ။ တချို့ဆို တမိသားစုလုံး ဆုံးရှုံးလိုက်ရပြီး တဦးတည်းပဲ အသက်ရှင်ကျန်ရစ်တာ ဖြစ်ပါတယ်။

၁၀
ကယ်ဆယ်ရေးလုပ်ငန်းတွေကို လူတွေနဲ့ တူတူဝိုင်းဝန်းလုပ်ဆောင်ပေးနေတဲ့ ခွေးတွေလည်း ပန်းနေပါပြီ။ အသက်ရှင်ကျန်ရစ်သူတွေ ရှိကျန်ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့ညမပြတ် ဆက်လက်ရှာဖွေနေကြရပါတယ်။ (ဟတ်ထိုင်မြို့၊ ဖေဖော်ဝါရီ ၁၃)

၁၁
ဖေဖော်ဝါရီ ၈ ရက်နေ့က ကယ်ဆယ်ရမိတဲ့ ရက် ၂၀ သား သားလေး ကီရမ်းအားတက်ရှ် ဖြစ်ပါတယ်။ ကျောက်ပြားကြီးအောင်မှာ သူ့မေမေနဲ့ အတူ ပိတ်မိနေတာဖြစ်ပြီး မိခင်ဖြစ်သူလည်း အသက်ရှင်ပါတယ်။ (ဟတ်ထိုင်ပြည်နယ်၊ ဖေဖော်ဝါရီ ၈)

၁၂
နိုင်ငံတောင်ပိုင်းက ဒီမြို့က ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဖြစ်ပြီး အေးခဲနေတဲ့ အပူချိန်ကြောင့် အနွေးဓာတ်ရဖို့ ပလတ်စတစ်တွေ မီးရှို့နေရပြီး တမြို့လုံးညှော်နံ့တွေရယ် အသက်ရှုလို့မဝ ဖြစ်နေရပါတယ်။ (ကာရာမန်း မရတ်ရှ်၊ ဖော်ဖော်ဝါရီ ၁၃)