သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတိုက်လေယာဉ် နိုင်ငံတကာ လေပိုင်နက်မှာ ပစ်ချခံရ


တူရကီ ဂျက်တိုက်လေယာဉ် တစ်စင်းကို နိုင်ငံတကာလေပိုင်နက်ထဲ ပျံသန်းနေတုန်း ဆီးရီးယားက ပစ်ချလိုက်တယ်လို့ တူရကီနိုင်ငံခြားဝန်ကြီးက ပြောပါတယ်။ ဂျက်တိုက် လေယာဉ်မှူးတွေဟာ မြေထဲပင်လယ်ပေါ်မှာ အဲဒီဂျက်လေယာဉ်ရဲ့ ရေဒါစနစ် စွမ်းရည်ကို စမ်းသပ်နေတုန်း ဆီးရီးယားဘက်က သောကြာနေ့က ပစ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်အနေနဲ့ ဆီးရီးယားရဲ့ လေပိုင်နက်ထဲကို ဖြတ်ရုံလေး ဖြတ်ပျံသွားတာဖြစ်ပြီး ဒါဟာလည်း ပစ်ချမခံရမှီ ၁၅ မိနစ်လောက်မှာ ဖြတ်ခဲ့တာလို့ တူရကီဝန်ကြီးက နိုင်ငံပိုင်ရုပ်မြင်သံကြားTRT နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး တူရကီအာဏာပိုင်တွေနဲ့ သံတမန်တွေ အင်္ဂါနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်တယ်လို့ မြောက်အတ္တလန္တိတ်စာချုပ် နေတိုးအဖွဲ့က ပြောပါတယ်။ တူရကီနိုင်ငံဘက်က ဒီဆွေးနွေးပွဲလုပ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတကာ မဟာမိတ်အဖွဲ့ကလည်း ပြောပါတယ်။

ဒီတိုက်လေယာဉ်အနေနဲ့ ဆီးရီးယားလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်သွားမိတာ ဖြစ်နိုင်ပေမဲ့ ဒီလေယာဉ်တွေရဲ့ ပျံသန်းနှုန်းက အရမ်းမြင့်တဲ့အတွက် ဝေဟင်ထဲက နယ်စပ်လမ်းကြောင်းတွေကို အချိန်တိုတိုလေးနဲ့ပဲ ဖြတ်ပျံသွားမိ တာလည်း ဖြစ်နိုင်တယ်လို့ စနေနေ့က တူရကီသမ္မတ Abdullah Gul ကလည်း ပြောပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ တူရကီနိုင်ငံကြား ဒီတိုက်လေယာဉ် ပစ်ချတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ကို အီရန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG