သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာသွားသင်္ဘောတွေ တူရကီရေတပ် စောင့်ရှောက်မည်


ဂါဇာသွားသင်္ဘောတွေ တူရကီရေတပ် စောင့်ရှောက်မည်
ဂါဇာသွားသင်္ဘောတွေ တူရကီရေတပ် စောင့်ရှောက်မည်

ဂါဇာ ကမ်းမြောင်ဒေသကို လူသားချင်း စာနာထောက်ထားမှု အကူအညီ သယ်ဆောင်သွားကြမယ့် သဘောၤတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှု မခံရအောင် စစ်သဘောၤတွေက လိုက်လံ စောင့်ရှောက်မယ်လို့ တူရကီနိုင်ငံက ပြောပါတယ်။

ဂါဇာ ကို အကူအညီပေးနိုင်ဖို့ တူရကီနိုင်ငံက ဆက်လက် ကြိုးစားလိမ့်မယ်လို့ ဝန်ကြီးချုပ် ရီဆပ်တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က အယ်လ်ဂျာဇီးရား (al-Jazeera) ရုပ်သံကို ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဂါဇာသွား တူရကီသင်္ဘော မာဗီ မာမရာ (Mavi Marmara) ကို အစ္စရေးက ဝင်ရောက်စီးနင်းခဲ့တာမျိုးကိုတော့ တူရကီက ခွင့်ပြုလိမ့်မယ် မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ အဲဒီ စီးနင်းမှှုမှာ လူ ၉ ယောက် သေဆုံးခဲ့ရတာပါ။

မြေထဲပင်လယ် အရှေ့ပိုင်းကို ကင်းလှည့်ဖို့ တူရကီက လုပ်နေပြီလို့ မစ္စတာ အာဒိုဂန် က ပြောပါတယ်။ ဒေသတွင်းမှာ အစ္စရေးက သဘာ၀ အရင်းအမြစ်တွေကို သူ့သဘောနဲ့ သူ ထုတ်လုပ်သုံးစွဲနေတာကို ရပ်သွားအောင် လုပ်မယ်လို့လည်း သူက ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက် (Ehud Barak) ကလည်း ခုလို ကွဲလွဲနေတာ ပြီးသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ တူရကီဟာ အစ္စရေးရဲ့ ရန်သူ မဟုတ်ကြောင်း ကြာသပတေးနေ့ အစောပိုင်းက ပြောပါတယ်။ ဒါပေမဲ့ မနှစ်က စီးနင်းမှုအတွက် တောင်းပန်မှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောသွားပါတယ။်

တူရကီက ဒီအပတ်မှာပဲ သံတမန်ဆက်ဆံရေး အဆင့်ကို နှိမ့်လိုက်ပါတယ်။ အစ္စရေး သံအမတ်ကြီးနဲ့ တခြား အကြီးတန်း သံတမန်တွေကို နှင်ထုတ်လိုက်သလို စစ်ဘက်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွကိုလည်း ရပ်ဆိုင်းထားလိုက်ပါတယ်။

XS
SM
MD
LG