တူရကီမွာ ၿပီးခဲ့တဲ့ တနလၤာေန႔က ငလ်င္လႈပ္ၿပီးတဲ့ေနာက္ အေဆာက္အဦးေတြ အေတာ္မ်ားမ်ား ၿပိဳက်ခဲ့တာနဲ႔ ပတ္သက္ၿပီး တာဝန္႐ွိတယ္လို႔ သံသယ႐ွိသူ ၁၀၀ ေက်ာ္ကို တူရကီအစိုးရက ဖမ္းဝရမ္းထုတ္လိုက္ပါတယ္။ ေဆာက္လုပ္ေရးလုပ္ငန္း ကန္ထ႐ိုက္တာတခ်ဳိ ႔ကို ဖမ္းဆီးထားၿပီး အဲဒီထဲက အမ်ားအျပားကို ေလဆိပ္မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
တူရကီမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ လိုက္နာရမယ့္ ဥပေဒစည္းမ်ဥ္းေတြ ႐ွိေပမဲ့ အဲဒါေတြကို လက္ေတြ႔ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္ေလ့ မ႐ွိပါဘူး။ တူရကီ တရားေရးဝန္ႀကီးဌာနကကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြ လိုက္နာရမယ့္ က်င့္ဝတ္စည္းကမ္းေတြကို မလိုက္နာတဲ့သူေတြကို ေဖာ္ထုတ္ဖို႔ ငလ်င္ေၾကာင့္ ျဖစ္လာတဲ့ ျပစ္မႈဆိုင္ရာ စုံစမ္းေရးျဗဴ႐ိုကို ဖြဲ႔စည္းလိုက္ပါတယ္။
ကယ္ဆယ္ေရးအဖြဲ႔ေတြနဲ႔ မိသားစုဝင္ေတြကေတာ့ အေဆာက္အဦး အပ်က္အစီးေတြၾကားမွာ ပိတ္မိေနတဲ့သူေတြကို ဒီေန႔မွာ ဆက္ၿပီးေတာ့ ႐ွာေဖြေနပါတယ္။ ဒါေပမဲ့လည္း တိုက္ေတြ ေထာင္နဲ႔ခ်ီ ၿပိဳက်ထားတာေၾကာင့္ ႐ွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကေတာ့ အခက္အခဲေတြအမ်ားႀကီး ႐ွိေနပါတယ္။ တူရကီ ဗိသုကာပညာ႐ွင္မ်ားအဖြဲ႔ ဥကၠ႒ Eyup Muhcu ကေတာ့ ၿပိဳသြားတဲ့ တိုက္ေတြ အမ်ားအျပားဟာ အရည္အေသြးေကာင္းတဲ့ ပစၥည္းေတြနဲ႔ နည္းလမ္းေကာင္းေတြကို မသုံးသလို၊ ေဆာက္လုပ္ေရးဥပေဒ စည္းမ်ဥ္းေတြကို လိုက္နာျခင္း မ႐ွိဘူးလို႔ AP သတင္းဌာနကို ေျပာပါတယ္။
ငလ်င္ေၾကာင့္ ေသဆုံးတဲ့သူေတြကေတာ့ အခုဆိုရင္ ၂၈,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး၊ သန္းနဲ႔ခ်ီၿပီး အိုးမဲ့အိမ္မဲ့ ျဖစ္ကုန္တယ္လို႔ တာဝန္႐ွိသူေတြက ေျပာပါတယ္။ ကုလသမဂၢရဲ႕အကူအညီေပးေရးဆိုင္ရာ အႀကီးအကဲ Martin Griffths ကေတာ့၊ ေသဆုံးသူ အေရအတြက္ဟာ၊ ၂ ဆေလာက္ ျဖစ္လာႏိုင္တယ္လို႔ ခန္႔မွန္းေၾကာင္း ေျပာပါတယ္။ ဆီးရီးယားမွာေတာ့ အတိုက္အခံ သူပုန္အဖြဲ႔ေတြ ထိန္းခ်ဳပ္တဲ့ ႏိုင္ငံအေနာက္ေျမာက္ပိုင္း ေဒသဟာ ငလ်င္ဒဏ္ကို အဆိုးဆုံးခံရတာ ျဖစ္ပါတယ္။ တူရကီသမၼတ အာဒိုဝမ္ကေတာ့ ဒီငလ်င္ဟာ ရာစုႏွစ္ရဲ႕အဆိုးဆုံးေဘးဒုကၡႀကီး ျဖစ္တယ္လို႔ မေန႔က ေျပာပါတယ္။
=== Unicode ====
တူရကီမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ငလျင်လှုပ်ပြီးတဲ့နောက် အဆောက်အဦးတွေ အတော်များများ ပြိုကျခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ သံသယရှိသူ ၁၀၀ ကျော်ကို တူရကီအစိုးရက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာတချို့ကို ဖမ်းဆီးထားပြီး အဲဒီထဲက အများအပြားကို လေဆိပ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
တူရကီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းတွေ ရှိပေမဲ့ အဲဒါတွေကို လက်တွေ့ထိထိရောက်ရောက် အရေးယူဆောင်ရွက်လေ့ မရှိပါဘူး။ တူရကီ တရားရေးဝန်ကြီးဌာနကကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို မလိုက်နာတဲ့သူတွေကို ဖော်ထုတ်ဖို့ ငလျင်ကြောင့် ဖြစ်လာတဲ့ ပြစ်မှုဆိုင်ရာ စုံစမ်းရေးဗြူရိုကို ဖွဲ့စည်းလိုက်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မိသားစုဝင်တွေကတော့ အဆောက်အဦး အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူတွေကို ဒီနေ့မှာ ဆက်ပြီးတော့ ရှာဖွေနေပါတယ်။ ဒါပေမဲ့လည်း တိုက်တွေ ထောင်နဲ့ချီ ပြိုကျထားတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အခက်အခဲတွေအများကြီး ရှိနေပါတယ်။ တူရကီ ဗိသုကာပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ Eyup Muhcu ကတော့ ပြိုသွားတဲ့ တိုက်တွေ အများအပြားဟာ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေနဲ့ နည်းလမ်းကောင်းတွေကို မသုံးသလို၊ ဆောက်လုပ်ရေးဥပဒေ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိဘူးလို့ AP သတင်းဌာနကို ပြောပါတယ်။
ငလျင်ကြောင့် သေဆုံးတဲ့သူတွေကတော့ အခုဆိုရင် ၂၈,၀၀၀ ကျော်သွားပြီဖြစ်ပြီး၊ သန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂရဲ့အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Martin Griffths ကတော့၊ သေဆုံးသူ အရေအတွက်ဟာ၊ ၂ ဆလောက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။ ဆီးရီးယားမှာတော့ အတိုက်အခံ သူပုန်အဖွဲ့တွေ ထိန်းချုပ်တဲ့ နိုင်ငံအနောက်မြောက်ပိုင်း ဒေသဟာ ငလျင်ဒဏ်ကို အဆိုးဆုံးခံရတာ ဖြစ်ပါတယ်။ တူရကီသမ္မတ အာဒိုဝမ်ကတော့ ဒီငလျင်ဟာ ရာစုနှစ်ရဲ့အဆိုးဆုံးဘေးဒုက္ခကြီး ဖြစ်တယ်လို့ မနေ့က ပြောပါတယ်။