သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်ကို ထောင်ချခါနီး သေနတ်နဲ့ပစ်သူ ၂ ဦး တူရကီ ဖမ်းဆီး


သတင်းထောက် Can Dundar နှင့် ဇနီး။
သတင်းထောက် Can Dundar နှင့် ဇနီး။

တူရကီနိုင်ငံက အထင်ကရသတင်းထောက်တဦးကို သောကြာနေ့က ၅ နှစ်ကျော် ထောင်ဒဏ် မချမှတ်ခင် နာရီပိုင်း အလိုမှာပဲ သူ့ကို တိုက်ခိုက်ခဲ့မှုနဲ့ ဆက်နွယ်သူ နောက်ထပ် ၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

အတိုက်အခံ Cumhuriyet သတင်းစာရဲ့ အယ်ဒီတာချုပ် Can Dundar ကို သေနတ်နဲ့ပတ်ခတ်ခဲ့သူရဲ့ သူငယ်ချင်း ၂ ဦးကို စုံစမ်း မေးမြန်းဖို့အတွက် အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

Dundar ကို စီရင်ချက်ချဖို့ နာရီအနဲငယ်အလိုမှာပဲ သေနတ်သမားက သစ္စာဖောက်လို့ အော်ဟစ်ပြီး တရားရုံး ပြင်ပမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပစ်ခတ်မှုမှာ ဘေးမသီ ရန်မခဘဲ လွတ်မြောက်သွားခဲ့တဲ့ Can Dundar ကိုတော့ အာဏာပိုင်တွေက ထောင်ဒဏ် ၅ နှစ်နဲ့ ၁၀ လ တံခါးပိတ် စီရင်ချက် ချလိုက်ပြီး Cumhuriyet သတင်းစာရဲ့ အန်ကာရာ ဗြူရိုတာဝန်ခံ Erdem Gul ကိုတော့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။

သူတို့ ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ စီရင်ချက် ချလိုက်တာဖြစ်ပြီး အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုအပါအဝင် သူတို့အပေါ်ကို တင်ထားတဲ့ တခြား ပြစ်မှုတွေကိုတော့ တရားသေ လွတ်ပေးလိုက်ပါတယ်။ သူတို့ ၂ ဦးဟာ တူရကီအစိုးရက ဆီးရီးယားကို လက်နက်တွေကို တရားမဝင် တင်ပို့မှုအကြောင်း ရေးသားခဲ့မှုအတွက် သူတို့အပေါ် စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG