သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ နှုတ်ထွက်


တူရကီ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ နှုတ်ထွက်
တူရကီ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ နှုတ်ထွက်

အစ္စလာမ်ဘာသာစွဲရှိတဲ့ တူရကီအစိုးရနဲ့ ဘာသာရေးအစွဲကင်းတဲ့ စစ်တပ်တို့ကြား တင်းမာမှုတွေ ကြီးထွား လာချိန်မှာပဲ ထိပ်တန်းစစ်တပ် အကြီးအကဲတွေ တစုတဝေးတည်း နှုတ်ထွက်သွားကြပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုင်ဆစ်ကိုဆာနာ (Isik Kosaner) အပြင် ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်တွေအားလုံး အစိုးရထံမှာ နှုတ်ထွက်စာတွေ တင်ခဲ့ကြတာလို့ တူရကီပြည်တွင်း သတင်းမီဒီယာတွေက သောကြာနေ့မှာ ဖော်ပြလိုက်ကြတာပါ။

လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ကိုဆာနာက သူ့အနေနဲ့ လိုအပ်ချက်အရ နှုတ်ထွက်ခွင့် ပေးဖို့ တောင်းခံခဲ့တာလို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ရှေ့တပတ်ထဲ ကျင်းပဖို့ ရှိနေတဲ့ စစ်သေနာပတိကောင်စီ အစည်းအဝေးကျရင် စစ်ဘက်က အဓိကကျတဲ့ နေရာတွေမှာ ရာထူးတွေ တိုးပေးရေး ဆွေးနွေးဖို့ ဝန်ကြီးချုပ် ရီဆပ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)၊ သမ္မတ အက်ဘ်ဒူလာဂူးလ် (Abdullah Gul) တို့နဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နှုတ်ထွက်စာတွေ တင်ခဲ့ကြတာပါ။

ဝန်ကြီးချုပ်က သူ့အစိုးရကိုဖြုတ်ချဖို့ ပူးပေါင်းကြံစည်မှုတွေနဲ့ ပတ်သက်တယ်လို့ ယုံကြည်ထားတဲ့ အရာရှိတွေကို ရာထူးတိုးပေးရေး အစီအစဉ်တွေကို တားဆီးသွားမယ့် အရိပ်အယောင်တွေ ပြနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ အာဏာပိုင်တွေကတော့ အစိုးရကို ဖယ်ရှားဖို့ ကြံစည်မှုအပေါ် အကြီးအကျယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရာမှာ လူပေါင်း ၃၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ ဒီအထဲမှာ ဗိုလ်ချုပ်အဆင့်ရှိသူ ၃၀ အပါအဝင် တာဝန် ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား စစ်အရာရှိပေါင်း ၂၀၀ လောက်လည်း ပါဝင်ပါတယ်။

XS
SM
MD
LG