တူရကီနိုင်ငံအနောက်ခြမ်းမှာ အရင်တပတ်က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပြီး လူတွေ အများကြီး သေဆုံးမှုနဲ့ ပတ်သတ်လို့ မိုင်းကုမ္ပဏီအရာရှိတွေ အပါအဝင် လူ ၁၈ ဦး ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
စနေနေ့မှာ တွင်းထဲကနေ နောက်ပိတ်ဆုံး အလောင်း ၂ လောင်းကို သယ်ထုတ်လာခဲ့လို့ သေဆုံးသူ အရေအတွက် စုစုပေါင်း ၃၀၁ ဦးဖြစ်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို မနေ့က လက်စသတ်လိုက်တာပါ။
နိုင်ငံအနောက်ပိုင်းက Soma မြို့က ကျောက်မီးသွေးတွင်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက လျှပ်စစ်ဓာတ်အား ပေးစက် ပေါက်ကွဲပြီးနောက် မီးလောင်ကျွမ်းခဲ့တာပါ။ အခင်းဖြစ်ပွားချိန်မှာ တွင်းလုပ်သား ၈၀၀ လောက် မြေအောက်ထဲမှာ ရှိနေခဲ့ပါတယ်။ သေဆုံးသူတွေထဲက အများအပြားဟာ carbon monoxide ဓာတ်ငွေ့ အဆိပ်သင့်တာနဲ့ အသက်ရှုကျပ်တာတွေကြောင့်လို့ သေဆုံးရတယ်လို့ ယူဆရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အစိုးရနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဂရုမစိုက်တဲ့ ကျောက်မီးသွေးတွင်းပိုင်ရှင်တွေကို ရည်ရွယ်ပြီး နိုင်ငံအနှံ့အပြားမှာ ဆန္ဒတွေပြခဲ့ကြပါတယ်။ ကျောက်မီးသွေးတွင်း ကုမ္ပဏီ Soma Komur ကတော့ သူတို့ရဲ့ပေါ့ဆမှုလို့ ပြောနေကြတာကို ငြင်းဆိုနေပါတယ်။