သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမိုင်းတွင်းပေါက်ကွဲမှု လူ ၁၅၀ ကျော်သေဆုံး


တူရကီနိုင်ငံ Istanbul မြို့တော် တောင်ဘက်မှာရှိတဲ့ Soma မြို့က ကျောက်မီးသွေးတွင်းတခုမှာ လျှပ်စစ်ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့တဲ့အတွက် ကျောက်မီးသွေးတွင်းလုပ်သား ၁၅၇ ယောက် သေဆုံးသွားပြီး ရာနဲ့ချီ ပိတ်မိနေတယ်လို့ Soma မြို့တော်ဝန်က ပြောပါတယ်။

မြေအောက်ထဲမှာ ပိတ်မိနေတဲ့ လုပ်သားတွေကို ကယ်ဆယ်ရေးတွေက ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတဲ့ တချိန်ထဲမှာပဲ အသက်ရှူ မကျပ်အောင် ကျောက်မီးသွေးတွင်းထဲကို အောက်စီဂျင်တွေ လွှတ်ပေးနေပါတယ်။

Manisa ပြည်နယ် အနောက်ပိုင်းမှာ တည်ရှိတဲ့ ကျောက်မီးသွေးတွင်းထဲက ဓာတ်အားပေးစက် ပေါက်ကွဲခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပိတ်မိနေဆဲ ကျောက်မီးသွေးတွင်း လုပ်သားတွေကို ကယ်တင်နိုင်ရေးအတွက် ရှိသမျှပစ္စည်းအင်အားကို အသုံးပြုဖို့အတွက် သမ္မတ Abdullah Gul က Manisa အုပ်ချုပ်ရေးမှူးကို အမိန့်ပေးထားပါတယ်။
XS
SM
MD
LG