သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ စစ်ဦးစီးချုပ်ဟောင်း အာဏာသိမ်းရန်ကြံစည်မှု

A train travels on the newly constructed bridge over the Danube River, that links Calafat in Romania to Vidin in Bulgaria, as finishing touches are made before its inauguration, 320 km (199 miles) southwest of Bucharest, Romania.
A train travels on the newly constructed bridge over the Danube River, that links Calafat in Romania to Vidin in Bulgaria, as finishing touches are made before its inauguration, 320 km (199 miles) southwest of Bucharest, Romania.

တူရကီဝန်ကြီးချုပ် ရီဆပ်တရစ်အာဒိုဂန် (Recep Tayyip Erdogan) အစိုးရကို ဖြုတ်ချဖို့ကြံစည်မှုနဲ့ တူရကီတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး အီကာဘက်စ်ဘက် (Ilker Basbug) ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အကြမ်းဖက်အဖွဲ့တစ်ခုကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံထားရသူ ဗိုလ်ချုပ်ကြီးဟောင်း ဘက်စ်ဘက်ကို အကျဉ်းချထားလိုက်ပြီလို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ဆိုပါတယ်။

တူရကီအစိုးရရဲ့ ဥပဒေအကျိုးဆောင် အရာရှိတစ်ဦးကတော့ ကြာသပတေးနေ့ကတည်းက ဗိုလ်ချုပ်ကြီး ဘက်စ်ဘက်ကို ဖမ်းဆီးဖို့ တောင်းဆိုခဲ့တာပါ။ အစ္စလာမ်အခြေခံဝါဒီ ဝန်ကြီးချုပ် အာဒိုဂန် ရဲ့အစိုးရကို မတည်မငြိမ် ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်ကြီး ဘက်စ်ဘက်ာ အင်တာနက်ပေါ်မှာ စည်းရုံးလှုံ့ဆော်မှု လုပ်ခဲ့သူဖြစ်တယ်လို့ တူရကီအာဏာပိုင်တွေက စွပ်စွဲခဲ့ကြပါတယ်။

မကြာသေးခင်က အဖမ်းခံထားရတဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား စစ်အရာရှိတွေရဲ့ အာဏာသိမ်းရန် ကြံစည်မှုမှာ ဗိုလ်ချုပ်ကြီးဟောင်း ဘက်စ်ဘက် ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲချက်အပေါ် မေးခွန်းတွေကို ဖြေကြားဖို့ အာဏာပိုင်တွေက ကြာသပတေးနေ့က သူ့ကို ဆင့်ခေါ်ခဲ့တယ်လို့ တူရကီ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

နိုင်ငံရေးနဲ့ ဘာသာရေး ခွဲခြားထားတဲ့ Ergenekon ကွန်ယက်မှာ ပါဝင်ပတ်သက်နေတယ် ဆိုပြီး စစ်အရာရှိတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ နိုင်ငံရေးသမားတွေ၊ တက္ကသိုလ်ပညာရှင်တွေနဲ့ သတင်းသမားတွေ စုစုပေါင်း လူ ၃၀၀ ကျော်ကို တူရကီအာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

This item is part of
XS
SM
MD
LG