သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပစ်ခတ်မှု တူရကီလက်တုံ့ပြန်


ဆီးရီးယားဘက်က ပစ်ခတ်သည့် မော်တာကျည်ထိမှန်ပြီး တူရကီနယ်က Akcakale ရွာကို မီးလောင်ကျွမ်းနေစဉ်။(အောက်တိုဘာ ၃ ရက်၊ ၂၀၁၂။)
ဆီးရီးယားဘက်က ပစ်ခတ်သည့် မော်တာကျည်ထိမှန်ပြီး တူရကီနယ်က Akcakale ရွာကို မီးလောင်ကျွမ်းနေစဉ်။(အောက်တိုဘာ ၃ ရက်၊ ၂၀၁၂။)
ဆီးရီးယားနိုင်ငံက မော်တာနဲ့ ပစ်ခတ်မှုကြောင့် တူရကီ အရပ်သား ၅ ယောက် သေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယားနိုင်ငံထဲက ပစ်မှတ်တွေကို စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း တူရကီနိုင်ငံက ပြောပါတယ်။

တူရကီ နယ်စပ်မြို့ ဖြစ်တဲ့ Akcakale ကို တိုက်ခိုက်ခံရပြီး ချက်ခြင်းဆိုသလို ရေဒါကနေ ထောက် လှမ်းတွေ့ရှိတဲ့ ပစ်မှတ်တွေကို တူရကီ နယ်စပ်က လုံခြုံရေးတပ်တွေ မနေ့တုန်းက ပြန်လည် ပစ်ခတ် ခဲ့တာလို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan ရဲ့ရုံးက ပြောပါတယ်။ တူရကီအနေနဲ့ နိုင်ငံ တကာ စည်းမျဉ်းတွေအတိုင်း လိုက်နာ ဆောင်ရွက် ခဲ့တာဖြစ်ပြီး အမျိုးသားလုံခြုံရေးကိုထိပါးတဲ့ ဆီးရီးယားရဲ့ ရန်စတဲ့လုပ်ရပ်တွေကို ဆက်လက် တုံ့ပြန်သွားမယ်လို့လည်း တူရကီ ဝန်ကြီးချုပ်က ပြောခဲ့ တာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဆီးရီးယားဘက်က မော်တာကျည်တစ်လုံးဟာ Akcakale မြို့က အိမ်တစ်လုံး ကို ထိမှန်ပြီး သေဆုံးသွားသူတွေထဲ ကလေးသုံးဦးနဲ့ မိခင်ဖြစ်သူတို့ ပါဝင်ကြောင်းလည်း တူရကီ အာဏာ ပိုင်တွေက ပြောပါတယ်။ ဆီးရီးယား ပြန်ကြားရေးဝန်ကြီးကတော့ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေပြီး တူရကီအရပ်သားတွေ သေဆုံးတဲ့အတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့တာပါ။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ပြစ်တင် ရှုတ်ချလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဆီးရီးယားအနေနဲ့ အိမ်နီးချင်း တိုင်းပြည်တွေရဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားဖို့ သတိပေးခဲ့တာပါ။
XS
SM
MD
LG