သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဆန္ဒပြရင်ပြင်က ရဲတွေဆုတ်ခွာ


တူရကီ ကန့်ကွက်ဆန့်ကျင်သူတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား အဓိကရုန်းမှာ မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲစဉ်။ (ဂျွန် ၁၊ ၂-၁၃။)
တူရကီ ကန့်ကွက်ဆန့်ကျင်သူတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား အဓိကရုန်းမှာ မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲစဉ်။ (ဂျွန် ၁၊ ၂-၁၃။)
တူရကီနိုင်ငံမှာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်ပြင်တစ်ခုနေရာမှာ ဆိုင်ခန်းတွေ၊ ရုံးခန်းတွေ လူနေတိုက်ခန်းတွေ ဆောက်လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒုတိယနေ့အဖြစ် ဆန္ဒပြကြတဲ့ အစ္စတန်ဘူလ်မြို့က နာမည်ကျော် Taksim ရင်ပြင်မှာ ဆန္ဒပြသူတွေနဲ့ ရဲကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေရာကနေ ရဲတပ်ဖွဲ့ဝင်တွေ စတင် ဆုတ်ခွာပေးလိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ရုံးရင်း ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုတိယနေ့မှာ အခုလို ရဲတပ်ဖွဲ့တွေ ဆုတ်ခွာပေးလိုက်တာပါ။ ရဲတွေက အရံအတားတွေ ဖယ်ရှားပေးလိုက်ပြီးတဲ့နောက်မှာ Taksim ရင်ပြင်ထဲကို လူတွေ ထောင်နဲ့ချီ ဝင်လာကြပါတယ်။ ဝန်ကြီးချုပ် Recep Tayyip Erdogen ကတော့ Taksim ရင်ပြင် ဖွံ့ဖြိုးရေးစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖေါ်သွားမယ်လို့ ကတိပြုသွားပြီး ဆန္ဒပြသူတွေကို ဆန္ဒပြတာရပ်ဖို့ တိုက်တွန်းသွားတဲ့အချိန်မှာပဲ ရဲတွေလည်း Taksim ရင်ပြင်ကနေ ဆုတ်ပေးသွားတာဖြစ်ပါတယ်။

ရဲက အင်အားအလွန်အကျွံသုံးပြီး မျက်ရည်ယိုဗုံး နဲ့ ဖြိုခွင်းခဲ့တယ်ဆိုတာကိုတည်း စုံစမ်းစစ်ဆေးပေးမယ်လို့ ပြောပါတယ်။ အဲဒီ ရင်ပြင်ကိစ္စ ဆန္ဒပြရာကနေ နိုင်ငံတဝန်း အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေအဖြစ် ပြောင်းသွားပြီး Istanbul က ဆန္ဒပြသူတွေနဲ့ ရဲတို့ကြား စနေနေ့က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ လူပေါင်း ဆယ်ဂဏန်လည်း ဒါဏ်ရာရသွားတာပါ။

အရင်ကတည်းက နိုင်ငံရေးနဲ့ တခြား ဆန္ဒပြပွဲတွေ အဓိက ကျင်းပလေ့ရှိတဲ့ Taksim ရင်ပြင်မှာ သောကြာနေ့က ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့တာပါ။ Ankara မြို့တော်နဲ့ တခြားမြို့တွေမှာလည်း ဆန္ဒပြသူတွေနဲ့ ရဲအကြား တိုက်ခိုက်မှုတွေရှိပြီး ဆန္ဒပြသူတွေက ဝန်ကြီးချုပ် Erdogen အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်အော်ခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG