သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအပေါ် ရုရှား စီးပွားရေးဒဏ်ခတ်


တူရကီနိုင်ငံကနေ ရုရှားတိုက်လေယာဉ်တစင်းကို တူရကီနဲ့ ဆီးရီးယားနယ်စပ်အနီးမှာ ပစ်ချခဲ့ပြီးနောက် ၄ ရက်အကြာမှာပဲ တူရကီအပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုတွေလုပ်ဖို့ ရုရှားသမ္မတ Vladimir Putin က တောင်းဆိုလိုက်ပါတယ်။

တူရကီကုန်ပစ္စည်းတချို့ တင်သွင်းမှုတွေကို ကန့်သတ်တာ၊ ရုရှားမှာရှိတဲ့ တူရကီလုပ်ငန်းတွေကို ကန်ထရိုက် နောက်ထပ် ထပ်တိုးမှုတွေ တားမြစ်တာနဲ့ ရုရှားနိုင်ငံက တူရကီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို ထိန်းချုပ်တာတွေ ထည့်သွင်းထားတဲ့ အရေးယူဒဏ်ခတ်မှုအမိန့်ကို သမ္မတ ပူတင်က စနေနေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒီအမိန့်ထဲမှာ - ရုရှားကနေ တူရကီကို စင်းလုံးငှား လေယာဉ်ပျံသန်းမှု ခရီးစဉ်တွေ ရပ်ဆိုင်းဖို့နဲ့၊ တူရကီမှာ သွားရောက်လည်ပတ်တာ ပါဝင်တဲ့ ခရီးသွား အစီအစဉ်တွေကို ရုရှားခရီးသွားကုမ္ပဏီတွေက ရောင်းချတာတွေ ရပ်ဆိုင်းဖို့တွေလည်း ပါဝင်ပါတယ်။

နှစ်နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားစေခဲ့တဲ့ အင်္ဂါနေ့က ရုရှားတိုက်လေယာဉ် ပစ်ချခံရပြီးကတည်းက - ရုရှားဘက်က တူရကီအပေါ် လက်စားချေ တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်လေယာဉ်ပစ်ချခံရတဲ့အပေါ်မှာလည်း သမ္မတ ပူတင်က ဒေါသတကြီး တုံ့ပြန်ခဲ့တာပါ။

မနေ့မနက်ကတော့ - တူရကီသမ္မတ Recep Tayyip Erdogan ကနေ - ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချခဲ့တဲ့ကိစ္စ အပေါ် တကယ့်ကို စိတ်မကောင်းဖြစ်မိကြောင်းနဲ့ မဖြစ်ခဲ့ရင်ကောင်းမယ်လို့လည်း ပြော ဆိုခဲ့ပါတယ်။

XS
SM
MD
LG