သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ ပြန်လည်သင့်မြတ်ရေး တူရကီကြိုးပမ်း


သမ္မတ Recep Tayyip Erdogan နဲ့ ပြင်သစ်သမ္မတ Emmanuel Macron
သမ္မတ Recep Tayyip Erdogan နဲ့ ပြင်သစ်သမ္မတ Emmanuel Macron

တူရကီအစိုးရဟာ အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဥရောပသမဂ္ဂ EU နဲ့ ဆက်ဆံရေး ပြန်ကောင်းစေဖို့ သံတမန်ရေးနည်းလမ်းနဲ့ အပြင်းအထန် ကြိုးစားနေပြီး သမ္မတ Recep Tayyip Erdogan ဟာ ပြင်သစ်နိုင်ငံမှာ ရောက်နေပါတယ်။

သမ္မတ Erdogan နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ သောကြာနေ့က တွေ့ဆုံပြီး ဆီးရီးယားအရေးနဲ့ ကုန်သွယ်ရေးကိစ္စ တွေကို ဆွေးနွေးကြပြီးတဲ့နောက် ကန်ထရိုက်စာချပ် အတော်များများကို သမ္မတ Erdogan လက်မှတ်ရေးထိုးပါတယ်။ ပြင်သစ် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Airbus ဆီကနေ Turkish Airlines က ဂျက်လေယာဉ် ၂၅ စင်းဝယ်ယူတဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကိုလဲ သမ္မတနှစ်ဦး တက်ရောက်ပါတယ်။

EU ဟာ တူရကီရဲ့ နံပါတ်တစ် ပို့ကုန်သွင်းကုန်လုပ်ငန်း အဓိကဒေသပါ။ ဒါပေမဲ့လဲ နှစ်ဘက်အကြား ဆက်ဆံရေးက အဆင်မပြေ လှပါဘူး။ အဓိကကတော့ တူရကီရဲ့ လူ့အခွင့်အရေးအခြေအနေ၊ သမ္မတ Erdogan ရဲ့အာဏာ ပိုကြီးလာစေတဲ့ ပြီးခဲ့တဲ့နှစ်က အငြင်းပွားဖွယ် လူထုဆန္ဒခံယူပွဲ၊ ဒုက္ခသည် ရွှေ့ပြောင်းဝင်ရောက်တာနဲ့ EU တဝန်းမှာ တူရကီနိုင်ငံသားတွေ ဗီဇာမဲ့ သွားလာနိုင် ရေး တူရကီက ကြိုးစားတဲ့ကိစ္စတွေကြောင့်ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ Macron က သူနဲ့ သမ္မတ Erdogan တို့ ပုံမှန် ဆက်သွယ်ပြောဆိုမှု ရှိတယ်ဆိုတာ မကြာသေးခင်က တွေ့ဆုံ မေးမြန်းခန်းတခုအတွင်း အတည်ပြု ပြောခဲ့ပါတယ်။ မစ္စတာ Macron နဲ့လက်တွဲပြီး အခုချိန်ထိ လုပ်ဆောင်ထားသမျှတွေဟာ မှန်ကန်တဲ့လမ်းကြောင်းမှာရှိနေပြီး သူ့အနေနဲ့ မစ္စတာ Macron ပေါ်မှာ မျှော်လင့်ချက်အများကြီး ထားပါတယ်လို့ ပြင်သစ်နိုင်ငံကို မထွက်ခင်မှာ သမ္မတ Erdogan က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG