သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ကိစ္စစေ့စပ်ပေးဖို့ ကမ်းလှမ်းတဲ့ ပြင်သစ် ကို တူရကီဒေါပွ


တူရကီဒုတိယဝန်ကြီးချုပ် Bekir Bozdag 
တူရကီဒုတိယဝန်ကြီးချုပ် Bekir Bozdag 

တူရကီနဲ့ YPG ခေါ်ဆီးရီးယား ကာဒ်သူပုန်တို့အကြား ပြေလည်အောင်ဆောင်ရွက်ပေးဖို့ ပြင်သစ်ရဲ့ ကမ်းလှမ်းချက်အပေါ် တူရကီအစိုးရက ဒေါသပုန်ထခဲ့ပါတယ်၊၊

ဒါဟာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးရာရောက်လို့ ပြင်သစ်ဟာ တူရကီရဲ့ ပစ်မှတ်ဖြစ်လာမယ်လို့ တူရကီဒုတိယဝန်ကြီးချုပ် Bekir Bozdag ကပြောပါတယ်၊၊

ဒီကမ်းလှမ်းချက်ဟာ ပြင်သစ်ရဲ့ တူရကီအပေါ်ရန်လိုမုန်းထားတာကိုပြလိုက်တာပဲလို့ လည်းတူရကီသမ္မတ Erdogan ကဆိုပါတယ်၊၊ပြင်သစ်သမ္မတ ဟာ ဆီးရီးယား အစိုးရတပ် ကိုယ်စားလှယ်အဖွဲ့ အပါအဝင် YPG ကာဒ်သူပုန်အဖွဲ့ နဲ့ သူရဲ့ နိုင်ငံရေးပါတီ PYD တို့ နဲ့ တွေ့ဆုံအပြီးမှာ ဒီလိုကမ်းလှမ်းလိုက်တာပါ၊၊

သောကြာနေ့က တူရကီ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးမှုအတွက် YPG ကာဒ်သူပုန်အဖွဲ့ကို တူရကီအစိုးရကပြစ်တင်ဝေဖန်ထားပြီး တူရကီအတွက် အကြမ်းဖက်အဖွဲ့ တွေနဲ့ ညှိနှိုင်းဖို့ မလိုအပ်ဘူး၊၊ အကြမ်းဖက်အဖွဲ့တွေကို ဆီးရီးယားမှာလို တိုက်ဖျက်သွားမှာဖြစ်တယ်လို့ သမ္မတ Erdoganကပြောဆိုလိုက်ပါတယ်၊၊

XS
SM
MD
LG