သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနယ်စပ်မှာ ဒုံးခွင်းဒုံးပစ်စင် သုံးရန်အသင့်ဖြစ်


တူရကီတောင်ပိုင်း Adana မြို့ကို ရောက်နေပြီဖြစ်တဲ့ Patriot ဒုံးကျည်ပစ်စင်။ (ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၃)။
တူရကီတောင်ပိုင်း Adana မြို့ကို ရောက်နေပြီဖြစ်တဲ့ Patriot ဒုံးကျည်ပစ်စင်။ (ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၃)။
ဆီးရီးယားက တိုက်ခိုက်လာနိုင်တဲ့ ရန်က ကာကွယ်ဖို့ တူရကီကိုရောက်ရှိနေတဲ့ ဒုံးခွင်းဒုံး ပစ်စင် ၆ ခုထဲက ပထမဆုံး ပစ်စင်ဟာ သုံးလို့ရနေပြီလို့ နေတိုးတပ်ဖွဲ့က ပြောလိုက်ပါတယ်။ တူရကီတောင်ပိုင်း Adana မြို့ကို ရောက်နေပြီဖြစ်တဲ့ Patriot ဒုံးကျည် ပစ်စင်ဟာ အသုံးပြုဖို့ အဆင်သင့်ပဲလို့ ညွှန့်ပေါင်းတပ်ဖွဲ့က ပြောပါတယ်။

ပထဆုံးရောက်လာတဲ့ ဒုံးကျည်ပစ်စင်ဟာ နယ်သာလန်နိုင်ငံက ဖြစ်ပါတယ်။ နယ်သာလန်၊ အမေရိကန်နဲ့ ဂျာမနီတို့က အမေရိကန်လုပ် Patriot ဒုံးကျည် ပစ်စင် ၂ ခုစီ တူရကီကို ပို့ပေးထားပါတယ်။ ကျန်တဲ့ပစ်စင်တွေဟာလည်း လာမယ့်ရက်ပိုင်းတွေအတွင်းမှာ အပြည့်အဝ သုံးနိုင်ဖို့ အသင့်ဖြစ်ပါလိမ့်မယ်လို့ မြောက်အန္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုး က ပြောပါတယ်။

ခုလိုနေတိုးတပ်ဖွဲ့က Patriot ဒုံးကျည် ပစ်စင်တွေ ပြင်ဆင်နေတာဟာ ရန်စမှုဖြစ်တယ်လို့ Bashar al-Assad အစိုးရက ဖော်ပြပြောဆိုခဲ့ပါတယ်။ ဆီးရီးယားက တူရကီနယ်စပ်နားမှာ Scud ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ဒုံးခွင်းဒုံး ပစ်စင်တွေကို ဖြန့်ချထားဖို့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီဇင်ဘာလက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG