သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတိုက်လေယာဉ် ဆီးရီးယား လေပိုင်နက် ဝင်ခဲ့ဖွယ်ရှိ


ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးတပ်ရဲ့ ပစ်ချမှုခံခဲ့ရတဲ့ တူရကီ တိုက်လေယာဉ်ဟာ ဆီးရီးယား လေကြောင်းပိုင်နက်ထဲကို ကျူးကျော် ဝင်ခဲ့ကောင်း ဝင်ခဲ့နိုင်တယ်လို့ တူရကီသမ္မတ Abdullah Gul က ပြောလိုက်ပါတယ်။ အရှိန်နဲ့ မောင်းနှင်ပျံသန်းကြတဲ့ တိုက်လေယာဉ်တွေဟာ လေကြောင်းပိုင်နက်ကို နည်းနည်းဝင်ရောက်တာ ဖြစ်လေ့ ဖြစ်ထရှိတယ်လို့ သမ္မတ Gul ကပြောပါတယ်။ အမေရိကန်လုပ် F-4 Jet လေယာဉ် တူရကီလေကြောင်း ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရတာလား ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူကပြောပါတယ်။

တိုက်လေယာဉ်ဟာ သောကြာနေ့က မြေထဲပင်လယ်ထဲမှာ ပစ်ချခံခဲ့ရတာဖြစ်ပါတယ်။ လေယာဉ်ကို ပစ်ချခဲ့တယ် ဆိုတာကို ဆီးရီးယားနိုင်ငံက အသိအမှတ်ပြုခဲ့ပြီး၊ လေယာဉ်ကို ပစ်ချချိန်က ဆီးရီးယား လေကြောင်းပိုင်နက်ထဲမှာ နိမ့်နိမ့်လေး ပျံသန်းနေတာဖြစ်တယ်လို့ ပြောပါတယ်။ ပစ်ချခံရတဲ့ လေယာဉ်ဟာ ကင်းထောက်လေယာဉ် ဖြစ်တယ်လို့ တူရကီ ဒုဝန်ကြီးချုပ် Bulen တဲရင့်ချ် Bulent Arinc က ပြောပါတယ်။

ဆီရီးယားမှာ အစိုးရကို တော်လှန်နေကြတဲ့သူတွေကို တူရကီက ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေနေပြီး လက်နက်တွေ ထောက်ပံ့နေတာလို့ ဆီးရီးယားက အကြိမ်ကြိမ် စွပ်စွဲနေချိန်မှာ ခုလို လေယာဉ်ပစ်ချမှု ဖြစ်တာပါ။ ဆီးရီးယားဘက်က စွပ်စွဲချက်တွေကို တူရကီဘက်ကတော့ ငြင်းပါတယ်။

ပစ်ချခံရတဲ့ လေယာဉ်ပေါ်က လေယာဉ်မှူး ၂ ယောက်ကိုတော့ ဆီးရီးယားနဲ့ တူရကီတပ်တွေ ပေါင်းပြီး လိုက်လံ ရှာဖွေနေကြပါတယ်။ ဆီးရီးယား သမ္မတ Bashar al-Assad အပေါ် ဆန့်ကျင်နေသူတွေအပေါ် ရက်ရက်စက်စက် နှိမ်နှင်းနေမှုအပေါ် တူရကီက အပြစ်တင်ခဲ့ပြီးနောက် အိမ်နီးချင်း ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။

XS
SM
MD
LG