သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှူ န်းရေး အတွက် တူရကီလေတပ်စခန်း ကန် သုံးခွင့်ရ


IS ချေမှူ န်းရေး အတွက် ကန်သုံးခွင့်ရတဲ့ တူရကီလေတပ်စခန်းပြ မြေပုံ။
IS ချေမှူ န်းရေး အတွက် ကန်သုံးခွင့်ရတဲ့ တူရကီလေတပ်စခန်းပြ မြေပုံ။

တူရကီသမ္မတ Recep Tayyip Erdogan က ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေကို တိုက်ခိုက်မယ့် အမေရိကန် တိုက် လေ ယာဉ်တွေကို Incirlik လေတပ် အခြေစိုက် စခန်းကိုသုံးပြီး တိုက်ခိုက်မှုတွေစတင်ဖို့ သဘောတူလိုက်ကြောင်း အမေရိကန်နဲ့ တူရကီ သတင်းတွေ မှာ ဖော်ပြထား ပါတယ်။ အမေရိကန် အာဏာပိုင်တွေကတော့ နှစ်နိုင်ငံကြား အခုလို ပူးပေါင်းဆောင်ရွက်မှုအသစ်နဲ့ ပတ်သက်လို့ လူသိရှင်ကြား အသေးစိတ် ထုတ်ပြန်ဖို့ ငြင်းဆိုထားပါတယ်။

တူရကီနိုင်ငံထုတ် Hurriyet နေ့စဉ်သတင်းစာနဲ့ အမေရိကန်ထုတ် The Wall Street Journalနဲ့ The New York Times သတင်းစာတွေ မှာတော့ ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ အိုဘားမားနဲ့ မစ္စတာအာဒိုဂန်တို့ ဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့ပြီး နောက်ဆုံးရရှိခဲ့တဲ့ သဘော တူညီချက်ဖြစ်ကြောင်းရေးသား ထားပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest ကတော့ Incirlik လေတပ်စခန်းနဲ့ ပတ်သက်တဲ့ တိုက်ရိုက်မေးခွန်းတွေ ကို ဖြေဆိုခွင့် မရှိကြောင်းနဲ့၊ ဒါဟာ စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးအတွက်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်က ထုတ်တဲ့ ကြေညာချက်တစောင်မှာတော့ အီရိတ်နိုင်ငံကို လုံခြုံမှုနဲ့ တည်ငြိမ်မှုရှိလာအောင် အရှိန်မြှင့်ဆောင်ရွက် သွားဖို့အတွက်ရော ဆီးရီးယားမှာ နိုင်ငံရေးပဋိပက္ခတွေပြေငြိမ်းသွားစေဖို့အတွက်ပါ IS စစ်သွေးကြွတွေကို ချေမှုန်းဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အလေး အနက် သံန္နိဌာန်ချခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ရဲ့ အဲဒီကြေညာချက်မှာတော့ Incirlik လေတပ်စခန်းကို အသုံးပြုမယ့်ကိစ္စနဲ့ပတ်သက်လို့ ဘာမှ ဖော်ပြထားတာ မရှိပေမယ့် သမ္မတအိုဘားနဲ့ မစ္စတာအာဒိုဂန်တို့ဟာ ဆီးရီးယားနဲ့ နယ်ချင်းကပ်နေတဲ့ တူရကီနယ်စပ် လုံခြုံရေးအတွက် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ IS အဖွဲ့ဆီ ဝင်ရောက်လာမှာကို ပိတ်ဆို့မယ့် နှစ်နိုင်ငံ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမှာ ဖြစ်တဲ့အကြောင်း ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG