သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်းအုပ်ဆရာကိုမလွှတ်ရင် တူရကီကို အမေရိကန်ဒဏ်ခတ်အရေးယူမည်


သင်းအုပ်ဆရာ Andrew Brunson (အလယ်)
သင်းအုပ်ဆရာ Andrew Brunson (အလယ်)

တူရကီနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်သင်းအုပ်ဆရာတယောက်ကို ပြန်လွှတ်မပေးဘူးဆိုရင် တူရကီအပေါ် အရေးယူဒဏ်ခတ်မယ်လို့ အမေရိကန်အစိုးရက ခြိမ်းခြောက်လိုက်ပါတယ်။ သင်းအုပ်ဆရာ Andrew Brunson ကိုပြန်မလွှတ်ပေးသရွေ့ အမေရိကန်က တူရကီအပေါ် သိသာတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်မယ်လို့ ဒုသမ္မတ Mike Pence ကနိုင်ငံခြားရေးရုံးမှာကျင်းပခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့်ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြောက် Carolina ပြည်နယ် Black Mountain မြို့က ဧဝံဂေလိအသင်းတော်ရဲ့ သင်းအုပ်ဆရာ Brunson ကို တူရကီက အကြမ်းဖက်မှု၊ သူလျှိုလုပ်မှုတို့နဲ့ ထောင်ချထားပါတယ်။ သူ့အမှုကြောင့် NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တူရကီကြား ဆက်ဆံရေးတင်းမာနေရပါတယ်။

ခရစ်ယာန်ဘာသာဝင်ကောင်း၊ လူကောင်းတယောက်ဖြစ်တဲ့ သင်းအုပ်ဆရာ Brunson ကိုတူရကီက အချိန်အကြာကြီးထောင်ချထားတဲ့အတွက် အမေရိကန်က ကြီးမားတဲ့ ဒဏ်ခတ်အရေးယူမှုတွေလုပ်မယ်လို့ သမ္မတ Trump ကလည်း ကြာသပတေးနေ့ နှောင်းပိုင်းက Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ တူရကီကို ဘယ်သူမှ အမိန့်ပေးလို့မရဘူး။ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုကိုမှ သည်းခံမှာ မဟုတ်ဘူး၊ တရားဥပဒေစိုးမိုးရေးက လူတိုင်းအတွက် ခြွင်းချက်မရှိ အကြုံးဝင်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း Twitter ပေါ်မှာ ပြန်ပြီး တုံ့ပြန်ရေးသားခဲ့ပါတယ်။

သင်းအုပ်ဆရာကိုမလွှတ်ရင် တူရကီကို အမေရိကန်ဒဏ်ခတ်အရေးယူမည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG