သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီရွေးကောက်ပွဲ လက်ရှိအာဏာရပါတီ နိုင်ခြေရှိ


အာဏာရ AK ပါတီရဲ့ သမ္မတ Recep Tayyip Erdogan ပါ ဗီနိုင်းနဲ့ ထောက်ခံသူများရဲ့စုဝေးမှု။ (နိုဝင်ဘာ ၁၊ ၂၀၁၅)
အာဏာရ AK ပါတီရဲ့ သမ္မတ Recep Tayyip Erdogan ပါ ဗီနိုင်းနဲ့ ထောက်ခံသူများရဲ့စုဝေးမှု။ (နိုဝင်ဘာ ၁၊ ၂၀၁၅)

တူရကီနိုင်ငံမှာ ငါးလအတွင်း ဒုတိယအကြိမ်ကျင်းပနေတဲ့ ရှောင်တခင် လွှတ်တော်ရွေးကောက်ပွဲမှာ ဆန္ဒမဲတွေရဲ့ ၉၅% ရေတွက်ပြီးချိန်အထိ လက်ရှိ သမ္မတ Racep Tayyip Erdogan ရဲ့ပါတီက ထိပ်ဆုံးက အသာစီးရနေပါတယ်။

ပါတီပေါင်း ၁၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့အထဲက အမျိုးသားလွှတ်တော်ရဲ့နေရာအများစုကို ပါတီကြီး လေးပါတီက အကြိပ်အနယ် ပြိုင်နေကြရပြီး AKP လို့ခေါ်တဲ့ Justic and Development Party က ပွတ်ခါသီကာ အသာစီးရရှိနေပါတယ်။

Kurdish တွေကို လိုလားတဲ့ HDP အနေနဲ့ အနိုင်ရဖို့ ၁၀% လိုအပ်နေသေးသလို တခြားအတိုက်ခံပါတီတွေ ဖြစ်ကြတဲ့ MHP နဲ့ CHP တို့ကလည်း လွှတ်တော် အမတ်နေရာတွေအတွက် ရွေးကောက်ခံကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း AKP ပါတီအနေနဲ့ လွှတ်တော်အတွင်း အများစုအသာစီးရရှိထားမှု ဆုံးရှုံးပြီးတဲ့အပြင်၊ ဝန်ကြီးချုပ် Ahmet Davutoglu အနေနဲ့ ညွန့်ပေါင်းဖွဲ့နိုင်ဖို့ ကြိုးပမ်းရာမှာ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ၁၃ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ အာဒိုဂန်က ရွေးကောက်ပွဲအသစ်ကျင်းပဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေရဲ့ ၈၈% ဝင်ရောက် မဲပေးခဲ့ကြပြီး ဇွန်လကရွေးကောက်ပွဲ တုန်းကထက် မဲပေးသူ ၁၀% ပိုပါတယ်။

XS
SM
MD
LG