သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတပ်တွေ နိုင်ငံထဲက ထွက်ဖို့ အီရတ် တောင်းဆို


တူရကီတပ်တွေ ချီတက်။
တူရကီတပ်တွေ ချီတက်။

အီရတ်နိုင်ငံထဲမှာ တူရကီတပ်တွေဝင်ရောက် တပ်ဖြန့်တာဟာ အချုပ်အခြာ အာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက် လိုက်တာပဲလို့ အီရတ်နိုင်ငံက ပြောပြီး Mosulမြို့နား ရောက်နေတဲ့ တူရကီတပ်တွေကို အမြန်ဆုံးရုတ်သိမ်းပေးဖို့ ဒီကနေ့
စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အီရတ်အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ တူရကီတပ်ရင်းတခုနဲ့ အတူ တင့်ကားတွေ လက်နက်ကြီးတွေနဲ့ အီရတ်ပိုင်နက်ထဲကို ဝင်ရောက်လာခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ အတည်ပြုဖော်ပြထားပါတယ်။ ပုံမှန် စစ်ရေးလေ့ကျင့်မှုလုပ်ဖို့အတွက် သူ့ရဲ့တပ်တွေ Mosul Bashiqa ဒေသမှာရောက်နေ တယ်လို့ တူရကီ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ Mosul မြို့ကနေ 30
ကီလိုမီတာလောက် အကွာ အီရတ်နိုင်ငံထဲကို တူရကီတပ်တွေ ဝင်ရောက်ခဲ့တာပါ၊ ISစစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အဲဒီနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့
အထူးတပ်ဖွဲ့တွေနေရာမှာ ပုံမှန်အတိုင်း တပ်သစ်နဲ့ တာဝန်လွှဲဖို့ ပြောင်းလဲ
တပ်ဖြန့်ချထားတာဖြစ်တယ်လို့ တူရကီသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

တူရကီတပ်ရင်းတခုဟာ အီရတ်နိုင်ငံထဲက နယ်စပ်မှာ နေရာယူ တပ်စွဲထားတယ်လို့
အမေရိကန်တာဝန်ရှိသူတွေကလဲ သောကြာနေ့ နှောင်းပိုင်းက အတည်ပြုခဲ့ပါတယ်၊
တူရကီတပ်တွေက စစ်ရေးလေ့ကျင့်နေတာလို့ ပြောသလို
စစ်ရေးလေ့ကျင့်နေပုံရ တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတယောက်က VOA ကိုပြောကြားခဲ့ပါတယ်။

ခုလို တပ်ဖြန့်တဲ့ကိစ္စက IS စစ်သွေးကြွတွေကိုတိုက်ခိုက်ရေး ပူးပေါင်းတပ်တွေရဲ့ အားထုတ်မှုနဲ့ မသက်ဆိုင်ဘဲ တူရကီနဲ့ အီရတ် ၂ နိုင်ငံကြား သဘောတူမှုနဲ့ပဲ ဆိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။ တူရကီကတော့ ခုလို သူ့ရဲ့တပ်တွေ အီရတ်နိုင်ငံထဲမှာ ဖြန့်ချဖို့အတွက် အမေရိကန်နဲ့ တခြား ပူးပေါင်းတပ်ဖွဲ့ဝင်နိုင်ငံတွေ
ကို အသိပေးခဲ့တယ်လို့ တူရကီ တာဝန်ရှိသူတွေက ပြောနေပါတယ်၊

XS
SM
MD
LG