သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား IS တွေကို တူရကီလေကြောင်း တိုက်ခိုက်


တူရကီလေကြောင်းထိုးစစ်ဆင် တိုက်လေယာဉ်များ။
တူရကီလေကြောင်းထိုးစစ်ဆင် တိုက်လေယာဉ်များ။

IS အစ္စလာမ် အစွန်းရောက်အဖွဲ့ကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေမှာ တူရကီနိုင်ငံက ထူးထူးခြားခြား တိုးမြှင့်ပါဝင်လာရာမှာ ဆီးရီးယားနိုင်ငံက စစ်သွေးကြွ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့အစောပိုင်းကပဲ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းက Diyarbakir မြို့ကနေ စေလွှတ်လိုက်တဲ့ F-16 တိုက်လေယာဉ် ၃ စင်းဟာ တူရကီနယ်စပ်က Kilis မြို့ကို ဖြတ်ကျော်ပြီး စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း တူရကီဝန်ကြီးချုပ်ရုံးက ကြေညာခဲ့တာပါ။

IS စစ်သွေးကြွတွေရဲ့ ဌာနချုပ်ရုံး ၂ ရုံးနဲ့ စုဝေးရာနေရာတခုတို့ကို၊ ပစ်မှတ်ရှိရာ လိုသလို ချိန်ရွယ်နိုင်တဲ့ ဗုံး ၄ လုံးနဲ့ ကျဲချပြီး အခြေစိုက်စခန်းကို ဘေးမသီ ရန်မခ ပြန်လာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဝန်ကြီးချုပ် Ahmet Davutoglu ကတော့ တူရကီနိုင်ငံကို တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေကို မျက်နှာလွဲှထားမှာ မဟုတ်ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒီကနေ့ မနက်ပိုင်းမှာပဲ အစိုးရရဲ့ အမိန့်နဲ့ တူရကီစစ်တပ်က ပစ်မှတ်တွေကို အတိအကျရှာဖွေ ချေမှုန်းနိုင်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။ တူရကီနိုင်ငံ နယ်စပ်မှာ ခြိမ်းခြောက်မှုတွေနဲ့ ကြုံရတယ်ဆိုရင် တူရကီစစ်တပ် အနေနဲ့ အကြောင်းကြားစရာ မလိုပဲ လိုအပ်ရင်လိုအပ်သလို တုံ့ပြန်တိုက်ခိုက်ဖို့ လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားတယ်လို့လည်း ပြောဆိုခဲ့တာပါ။

အိမ်နီးချင်း ဆီးရီးယားနိုင်ငံက IS စစ်သွေးကြွတွေအပေါ် တူရကီနိုင်ငံ က လေကြောင်း ကနေ တိုက်ခိုက်တာ ဒါဟာ ပထမဆုံး လည်း ဖြစ်ပါတယ်။ ဒီကနေ့မှာပဲ နိုင်ငံ တဝှမ်းက နေရာတော်တော် များများမှာ IS အစွန်းရောက်တွေနဲ့ ကာဒစ်စစ်သွေးကြွတွေကို အရုဏ်တက်ချိန် စီးနင်းရှာဖွေမှုတွေအတွင်း လူပေါင်း ၂၅၁ ယောက်ကို ဖမ်းဆီးခဲ့ကြောင်းလည်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

အီစတန်ဘူလ်မြို့တော်က နေရာပေါင်း ၁၀၀ ကျော်မှာလည်း ရဟတ်ယာဉ်တွေ အကူအညီနဲ့ လုံခြုံရေးအရာရှိ ၅ ထောင်လောက်က စီးနင်းဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

XS
SM
MD
LG