သုံးရလွယ်ကူစေသည့် Link များ

တူရကီဆန္ဒပြမှု အသွင်ပြောင်း

  • ဗွီအိုအေ (မြန်မာဌာန)

Erdem Gunduz (ဘယ်) နဲ့ ရာနဲ့ချီတဲ့ တူရကီပြည်သူတွေ တက်ဆင်ရင်ပြင်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ဆန္ဒပြ (၁၈ ဇွန် ၂၀၁၃)
တူရကီနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ပုံစံသစ်တမျိုးနဲ့ ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ အစ္စတန်ဘူမြို့က တက်ဆင်ရင်ပြင်မှာ လူပေါင်း ရာပေါင်းများစွာဟာ သရုပ်ပြအနုပညာရှင် အာဒန် ဂူဒတ်စ် (Erdem Gunduz)​ နဲ့အတူ နာရီပေါင်းများစွာ ငြိမ်ငြိမ်ကလေး ရပ်ပြီးတော့ အသံတိတ် ဆန္ဒပြခဲ့ပါတယ်။

အစ္စတန်ဘူမြို့နဲ့ အန်ကာရာမြို့တော်တို့မှာ သီတင်းပတ်ပေါင်းများစွာ ဖြစ်ပေါ်နေ တဲ့ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပါဝင်ခဲ့ပြီးတော့ ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်တဲ့ ဆန္ဒပြတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ
ပြန်ပြီးတော့ အသုံးပြုခဲ့ပါတယ်။

ဝန်ကြီးချုပ် ရီဆပ် တာယစ် အာဒိုဂန် (Recep Tayyip Erdogan) ကတော့ တူရကီရဲတပ်ဖွဲ့ဟာ ဒီမိုကရေစီ စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင် ခဲ့တယ်လို့ အင်္ဂါနေ့ကပဲ လွှတ်တော်မှာ ပြောကြားသွားပါတယ်။

ဆန္ဒပြသမားတွေဟာ အကြမ်းသမားတွေရဲ့ လွှမ်းမိုးမှု ခံထားရတယ်လို့ ၀န်ကြီးချုပ်က စွပ်စွဲပြီးတော့ အကြမ်းဖက်နည်းသုံးတဲ့သူတွေကို သည်းခံတော့မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ တူရကီရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ နိုင်ငံတလွှားက နေအိမ်တွေ ရုံးတွေကို ၀င်ရောက်စီးနင်းပြီးတော့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေမှာ ပါဝင်တဲ့ လူ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။

အင်အား အလွန်အကျွံ သုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီ ပီလေး က တောင်းဆိုပါတယ်။ တူရကီရဲတပ်ဖွဲ့ရဲ့ လုပ်နည်းကိုင်နည်းတွေကို အစိုးရက ချက်ချင်း ပြောင်းလဲပစ်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ အမိန့်တရပ် ပြတ်ပြတ်သားသား ထုတ်ပြန်ပါလို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG