သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump မဲဆွယ်လှုပ်ရှားမှု အပြောင်းအလဲ Clinton တုန့်ပြန်


ဒီမိုကရက်သမ္မတလောင်း Hillary Clinton - ရီပတ်ဘလစ်ကင် သမ္မတလောင်း Donald Trump
ဒီမိုကရက်သမ္မတလောင်း Hillary Clinton - ရီပတ်ဘလစ်ကင် သမ္မတလောင်း Donald Trump

လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်တာဝန်ထမ်းဆောင်မယ့် အမေရိကန်သမ္မတ သစ်ကို အမေရိကန်ပြည်သူတွေ ရွေးချယ်ဖို့ သုံးလတောင် မလိုတော့တဲ့အချိန်မှာ ရီပါဘလီကန်သမ္မတလောင်း Donald Trump ကတော့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဦးဆောင်မှုပိုင်း မှာ အပြောင်းအလဲတွေ လုပ်နေပါတယ်။

Breitbart ကွန်ဆားဗေးတစ် အွန်လိုင်းသတင်းဌာနရဲ့ အကြီးတန်း အမှုဆောင် Stephen Bannon ကို သူ့ရဲ့ မဲဆွယ် စည်းရုံးရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ် လိုက်သလို၊ Kellyanne Conway ကိုတော့ လူထုစစ်တမ်း ကောက်ယူတဲ့ရာထူး ကနေ မဲဆွယ် လှုပ်ရှားမှု မန်နေဂျာ အဖြစ် ရာထူး တိုးလိုက်တာပါ။

Bannon ရဲ့တာဝန်က အဓိက မဲဆွယ်လှုပ်ရှားမှုကြီးတွေနဲ့ ဝန်ထမ်းတွေ ကြီးကြပ် သွားဖို့ ဖြစ်ပြီး Conway ကတော့ Trump ရဲ့ ပြောစကား တွေကို အဓိက ပြန် ကြားပေးဖို့ဖြစ်ပြီး သမ္မတလောင်းနဲ့အတူ မကြာခဏ ခရီးထွက်ရမှာပါ။

Trump အခုလုပ်ဆောင်တဲ့ ပြောင်းလဲမှုတွေက ကိုယ်စားလှယ်လောင်းဖြစ်တဲ့ Trump ရဲ့ အပြုအမူတွေကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ရီပတ်ဘလီကန်ပါတီ ညီလာခံ ကျင်းပခဲ့တဲ့ Ohio ပြည်နယ်၊ Cleveland မြို့မှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံး မှုအတွင်း ပြိုင်ဖက် ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton က ပြော ပါတယ်။

အခုလို ရာထူးသစ်ခန့်အပ်မှုတွေကြောင့် လက်ရှိ မဲဆွယ်လှုပ်ရှားမှုတွေကို ကြီးမှူးနေ တဲ့ Paul Manafort ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိခိုက်နိုင်ဖွယ် ရှိပေမဲ့လို့ Trump ကတော့ အခုလုပ်ရပ်ကြောင့် Manafort အပေါ် သက်ရောက်စရာ ဘာမှမရှိဘူး လို့ ပြောပါတယ်။ Manafort ဟာ ၂၀၁၄ ခုနှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ရုရှား လိုလားသူ ယူကရိန်းသမ္မတဟောင်း Viktor Yanukovich နဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ အပေါ် လတ်တလော စစ်ဆေးခံနေ ရပါတယ်။

ယူကရိန်းနိုင်ငံမှာ Manafort ကို ရည်ရွယ် ပေးခဲ့တဲ့ ဒေါ်လာငွေ ၁၂.၇ သန်း လျှို့ဝှက် ငွေစာရင်း မှတ်တမ်းတွေကို New York Times သတင်းစာမှာ ဖော်ပြ ခဲ့ပြီးတဲ့နောက် အခုလို မဲဆွယ်စည်းရုံးရေးအဖွဲ့အတွင်း အပြောင်းအလဲတွေကို ဒီကနေ့ လုပ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG