သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို ကို ဝေဖန်တဲ့ထရမ့် အခုလေသံပြောင်း


အမေရိကန်သမ္မတ Donald Trump က NAFTA ခေါ် မြောက်အမေရိက နိုင်ငံများအကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုထားတဲ့ မက္ကစီကိုနိုင်ငံ အပေါ် ချီးမွမ်းခဲ့ပေမယ့် ကနေဒါကိုတော့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

သောကြာနေ့ညနေက တွိတာမှာရေးသားခဲ့ရမှာ ထရမ့်က အရင်ကနဲ့မတူဘဲ မက္ကစီကို နိုင်ငံအပေါ် အကောင်း ပြောခဲ့တာပါ။ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလတုန်းက မိန့်ခွန်းပြောကြားရာမှာတော့ အမေရိကန်ပြည် ထောင်စုက နယ်စပ်တံတိုင်းကာရံရာမှာ မက္ကစီကိုအနေနဲ့ အကုန်အကျခံရမယ်လို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့ မှာတော့ အဲဒီ အစီအစဉ် အကောင်အထည်မဖေါ်နိုင် ဖြစ်နေပါတယ်။ ဒါ့အပြင် မက္ကစီကိုနိုင်ငံသားတွေ ဟာ မုဒိန်း သမားတွေဆိုပြီးတော့လည်း ပုံဖေါ်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုအခါမှာတော့ “မက္ကစီကိုနဲ့ ဆက်ဆံရတာဟာ အဆင်ပြေလှပါတယ်။ မော်တော်ကားစက်ရုံ လုပ်သားတွေ၊ စိုက်ပျိုးရေးသမားတွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ပိုကောင်းမွန်အောင် စောင့်ရှောက်ပေးရပါမယ်။ ဒါမှမဟုတ်ရင်တော့ ဆက်ဆံရေး အဆင်ပြေလှမှာ မဟုတ်ဘူး” လို့ ထရမ့်က တွိတာမှာ ရေးခဲ့တာပါ။

ဒါ့အပြင် လာမယ့် ဒီဇင်္ဘာမှာ မက္ကစီကို သမ္မတသစ်ဖြစ်လာမယ့် Andres Manuel Lopez Obrador ဟာ တကယ့်ကို လူရည်မွန် တယောက်ဖြစ်တယ်လို့လည်း သူက ချီးမွမ်း ရေး သားပါတယ်။ ဒါပေမယ့်လည်း တခြားတဘက်မှာတော့ ထရမ့်က “ကနေဒါအနေနဲ့ စောင့် ဆိုင်းရမယ့် သူတို့ရဲ့သွင်းကုန်ခွန်နဲ့ ကုန်သွယ်ရေး အတားအဆီးတွေဟာ သိတ်ကြီးမား လွန်းနေတာကြောင့် တကယ်လို့ ညှိနှိုင်းမရဘူးဆိုရင်တော့ မော်တော်ကားတွေကို အခွန် ကောက်မယ်” လို့ ဆိုပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာပဲ ကနေဒါကလည်း သူတို့အနေနဲ့ မပြောင်းမလဲရပ်တည်မှာ ဖြစ်ပြီး NAFTA သဘော တူညီချက်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေတဲ့ တချိန်တည်းမှာ ကနေဒါ လူထုအတွက် ဆက်ပြီး ရပ်တည်သွားမယ်ဆိုပြီး တုံ့ပြန်ပါတယ်။

မက္ကဆီကို ကို ဝေဖန်တဲ့ထရမ့် အခုလေသံပြောင်း
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG