သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Twitter ဝက်ဘ်ဆိုက် ဝင်ရောက်တိုက်ခိုက်ခံရ


အင်တာနက်ပေါ်က Twitter လူမှုရေးကွန်ယက်ဟာ ဒီသီတင်းပတ်ထဲမှာ အဆင့်မြင့်နည်းပညာ သုံးပြီး ထိုးဖောက်ခံရလို့ Twitter အသုံးပြုသူ ၂ သိန်းခွဲရဲ့ အချက်အလက်တွေ ပေါက်ကြားသွားရတယ်လို့ Twitter က ပြောပါတယ်။ တရားမဝင် ခိုးဝင်ဖို့ မအောင်မြင်ဘဲ ကြိုးစားထားတာတွေကို တွေ့ရှိခဲ့တယ်၊ ပြီးတော့ ထိုးဖောက်ဖို့ ကြိုးစားနေတာကိုလည်း ကြုံလိုက်ပြီး အဲဒါကို ချက်ချင်းပဲ တားဆီးလိုက်နိုင်တယ်လို့ Twitter ရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူး Bob Lord ကပြောပါတယ်။

Twitter က ကိုယ့်စာမျက်နှာ ထိုးဖောက်ခံရသူတွေရဲ့ passwords တွေကို ပြန်ပြင်ဆင်ပြီၤး သက်ဆိုင်သူတွေကို အကြောင်းကြားပေးခဲ့တယ်လို့ ပြောပါတယ်။ တရုတ်ရဲ့ internet တိုက်ခိုက်မှုနဲ့ ကြုံရတယ်ဆိုတဲ့ New York Times နဲ့ Wall Street Journal သတင်းစာတွေလို twitter ကတော့ သူတို့ကိုဘယ်က တိုက်ခိုက်တယ်ဆိုတာ မပြောပါဘူး။ ဒါပေမဲ့ တိုက်ခိုက်ပုံက တကယ့်တတ်ကျွမ်းသူရဲ့ လက်ရာမျိုးဖြစ်ပြီး အဲဒီဖြစ်ရပ်က တခုတည်းဖြစ်ရပ်မဟုတ်ဘူးလို့လည်း Bob Lord ပြောပါတယ်။

အခုတော့ Twitter ဟာ အစိုးရ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေနဲ့ လက်တွဲပြီး အင်တာနက်လုံခြုံရေးအတွက် လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။
XS
SM
MD
LG