[[Zawgyi/Unicode]]
Twitter လူမႈကြန္ယက္ကို ဘီလ်ံနာသူေ႒း Elon Musk ဝယ္ယူခဲ့ၿပီးေနာက္ အေျပာင္းအလဲေတြ လုပ္ေနတာမွာ ဒီေန႔လည္း ဝန္ထမ္း ထက္ဝက္ေလာက္ကို အလုပ္ကျဖဳတ္မယ့္ အလားအလာရွိေနပါတယ္
ဒီေန႔ ေသာၾကာေန႔မွာ ကမာၻတဝန္း Twitter ကုမၸဏီရဲ႕ရံုးေတြကိုပိတ္ထားၿပီး အလုပ္ျဖဳတ္မယ္ မျဖဳတ္ဘူးဆိုတဲ့ Email ေတြကို အေမရိကန္အေနာက္ျခမ္း စံေတာ္ခ်ိန္ မနက္ ၉ နာရီမေက်ာ္ခင္ ပို႔မယ္လို႔ ဝန္ထမ္းေတြကို Twitter ကုမၸဏီက အသိေပးထားပါတယ္။ အလုပ္ဆက္ခန္႔ခံရမယ့္သူေတြကို ရံုး Email နဲ႔ စာပို႔မွာျဖစ္ၿပီး အလုပ္ျဖဳတ္ခံရသူေတြဆိုရင္ေတာ့ သူတို႔ရဲ႕ တျခားကိုယ္ပိုင္ Email ကို ပို႔မွာျဖစ္တယ္လို႔ ၾကာသပေတးေန႔က ရံုးတြင္းေပးပို႔စာထဲမွာ ေျပာထားပါတယ္။
ကမာၻတဝန္း Twitter ကုမၸဏီဝန္ထမ္း ၃,၇၀၀ ေလာက္ကို အလုပ္ျဖဳတ္မယ္လို႔ ခန္႔မွန္းရပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ California ျပည္နယ္ အလုပ္သမားဥပေဒေတြအရဆိုရင္ေတာ့ အလုပ္ရွင္ေတြက အလုပ္သမားအမ်ားအျပားကို အစုလိုက္အျပံဳလိုက္ အလုပ္ျဖဳတ္မယ္ဆိုရင္ ရက္ေပါင္း ၆၀ ႀကိဳတင္အသိေပးဖို႔ လိုအပ္ပါတယ္။
Twitter ကို Elon Musk ဝယ္ယူခဲ့ၿပီးေနာက္ အလုပ္ျဖဳတ္ခံရတဲ့ဝန္ထမ္းတခ်ဳိ႕ကေတာ့ အဲဒီဥပေဒနဲ႔ Twitter ကိုတရားစြဲထားပါတယ္။ ေဒၚလာ ၄၄ ဘီလ်ံနဲ႔ Twitter ကုမၸဏီကို ဝယ္ယူခဲ့ၿပီးေနာက္ အက်ဳိးအျမတ္ေတြရလာေအာင္ လုပ္ဖို႔လိုတယ္လို႔ Elon Musk ကေျပာၾကားခဲ့ပါတယ္။
Twitter အေကာင့္ပိုင္ရွင္ေတြအေနနဲ႔ သူတို႔ ဘယ္သူဘယ္ဝါ မွန္ကန္တယ္ဆိုတဲ့ Blue mark ရဖို႔ လစဥ္ေၾကး ၈ ေဒၚလာေကာက္ခံတာ၊ Cloud ဝန္ေဆာင္မႈနဲ႔ Cloud ဆာဗာေတြအတြက္ သံုးတဲ့ ေဒၚလာ ၁ ဘီလ်ံကို ျဖတ္ေတာက္ၿပီး အသံုးစရိတ္ေလွ်ာ့ အက်ဳိးအျမတ္ပိုထြက္လာမယ့္ ကိစၥေတြလုပ္ဖို႔ Elon Musk က ၫႊန္ၾကားထားပါတယ္။
=================
[[Unicode]]
Twitter ဝန်ထမ်း ၄,၀၀၀ နီးပါးအလုပ်ဖြုတ်ခံရနိုင်
Twitter လူမှုကွန်ယက်ကို ဘီလျံနာသူဋ္ဌေး Elon Musk ဝယ်ယူခဲ့ပြီးနောက် အပြောင်းအလဲတွေ လုပ်နေတာမှာ ဒီနေ့လည်း ဝန်ထမ်း ထက်ဝက်လောက်ကို အလုပ်ကဖြုတ်မယ့် အလားအလာရှိနေပါတယ်
ဒီနေ့ သောကြာနေ့မှာ ကမ္ဘာတဝန်း Twitter ကုမ္ပဏီရဲ့ရုံးတွေကိုပိတ်ထားပြီး အလုပ်ဖြုတ်မယ် မဖြုတ်ဘူးဆိုတဲ့ Email တွေကို အမေရိကန်အနောက်ခြမ်း စံတော်ချိန် မနက် ၉ နာရီမကျော်ခင် ပို့မယ်လို့ ဝန်ထမ်းတွေကို Twitter ကုမ္ပဏီက အသိပေးထားပါတယ်။ အလုပ်ဆက်ခန့်ခံရမယ့်သူတွေကို ရုံး Email နဲ့ စာပို့မှာဖြစ်ပြီး အလုပ်ဖြုတ်ခံရသူတွေဆိုရင်တော့ သူတို့ရဲ့ တခြားကိုယ်ပိုင် Email ကို ပို့မှာဖြစ်တယ်လို့ ကြာသပတေးနေ့က ရုံးတွင်းပေးပို့စာထဲမှာ ပြောထားပါတယ်။
ကမ္ဘာတဝန်း Twitter ကုမ္ပဏီဝန်ထမ်း ၃,၇၀၀ လောက်ကို အလုပ်ဖြုတ်မယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ California ပြည်နယ် အလုပ်သမားဥပဒေတွေအရဆိုရင်တော့ အလုပ်ရှင်တွေက အလုပ်သမားအများအပြားကို အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်မယ်ဆိုရင် ရက်ပေါင်း ၆၀ ကြိုတင်အသိပေးဖို့ လိုအပ်ပါတယ်။
Twitter ကို Elon Musk ဝယ်ယူခဲ့ပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတချို့ကတော့ အဲဒီဥပဒေနဲ့ Twitter ကိုတရားစွဲထားပါတယ်။ ဒေါ်လာ ၄၄ ဘီလျံနဲ့ Twitter ကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက် အကျိုးအမြတ်တွေရလာအောင် လုပ်ဖို့လိုတယ်လို့ Elon Musk ကပြောကြားခဲ့ပါတယ်။
Twitter အကောင့်ပိုင်ရှင်တွေအနေနဲ့ သူတို့ ဘယ်သူဘယ်ဝါ မှန်ကန်တယ်ဆိုတဲ့ Blue mark ရဖို့ လစဉ်ကြေး ၈ ဒေါ်လာကောက်ခံတာ၊ Cloud ဝန်ဆောင်မှုနဲ့ Cloud ဆာဗာတွေအတွက် သုံးတဲ့ ဒေါ်လာ ၁ ဘီလျံကို ဖြတ်တောက်ပြီး အသုံးစရိတ်လျှော့ အကျိုးအမြတ်ပိုထွက်လာမယ့် ကိစ္စတွေလုပ်ဖို့ Elon Musk က ညွှန်ကြားထားပါတယ်။