သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီလြန္မက္စ္ကို မေက်နပ္လို႔ တြီတာဝန္ထမ္း ရာနဲ႔ခ်ီ အလုပ္ထြက္ 


Tesla CEO Elon Musk ကို ၂၉ ႀကိမ္ေျမာက္ ဘာရြန္ရင္းႏွီးျမွဳပ္ႏွံမႈညီလာခံမွာ ေတြ႔ရစဥ္။ (ႏိုဝင္ဘာ ၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

Twitter ကုမၸဏီဝန္ထမ္းေတြအေနနဲ႔ အလုပ္ကို အခ်ိန္ၾကာၾကာ အားစိုက္လုပ္ရင္လုပ္၊ မလုပ္ရင္ထြက္သြားၾကဖို႔ ကုမၼဏီအႀကီးအကဲသစ္ Elon Musk က ရာဇသံေပးလိုက္ၿပီးတဲ့ေနာက္ ဝန္ထမ္းရာနဲ႔ခ်ီ အလုပ္ကေန ႏႈတ္ထြက္ခဲ့ၾကပါတယ္။

သူ႔အဆို Twitter 2.0 ကိုၾကာသပေတးေန႔ အေမရိကန္ အေရွ႕ျခမ္းစံေတာ္ခ်ိန္ ၅ နာရီမွာ စတင္ေတာ့မွာျဖစ္တဲ့အတြက္ အလုပ္ခ်ိန္ၾကာၾကာနဲ႔ အလုပ္ကို အားစိုက္ထုတ္မယ့္ အမာခံဝန္ထမ္းအျဖစ္ လက္ခံမခံ၊ Form တခုကို Elon Musk က ဝန္ထမ္းေတြကို ေပးပို႔ခဲ့ၿပီး လက္မခံႏိုင္တဲ့ ဝန္ထမ္းေတြအေနနဲ႔ ၃ လအတြင္း အလုပ္က ထြက္သြားႏိုင္တယ္လို႔ ေျပာၾကားတာကို Twitter ဝန္ထမ္းေတြက လူမႈကြန္ရက္ေတြေပၚမွာ ေရးတင္ေနခဲ့ၾကပါတယ္။

အဲဒီလို ရာဇသံထြက္လာၿပီး နာရီပိုင္းအၾကာမွာပဲ Twitter ဝန္ထမ္း ရာဂဏန္း ႏႈတ္ထြက္စာတင္ခဲ့ၾကတယ္လို႔ အထင္ကရသတင္းစာႀကီးေတြပါအဝင္ အေမရိကန္သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ အေရအတြက္ အတိအက် မသိရႏိုင္ေသးေပမယ့္ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ား Twitter ကိုစြန္႔ခြာခဲ့ၿပီလို႔ လူမႈကြန္ယက္ေပၚမွာ ေရးတင္ခဲ့ၾကပါတယ္။

Twitter ကုမၸဏီကို Elon Musk ဝယ္ယူခဲ့ၿပီးေနာက္ ထိပ္တန္းရာထူးရွိသူေတြအပါအဝင္ ကမာၻတဝန္းက Twitter ဝန္ထမ္း ထက္ဝက္ေလာက္ကို အလုပ္က ျဖဳတ္ခဲ့ပါတယ္။ လိုအပ္သေလာက္ ႀကိဳတင္အေၾကာင္းမၾကားဘဲ အလုပ္ကျဖဳတ္လိုက္ တာဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ California ျပည္နယ္ အလုပ္သမားဥပေ

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

အီလွန်မက်စ်ကို မကျေနပ်လို့ တွီတာဝန်ထမ်း ရာနဲ့ချီ အလုပ်ထွက်

Twitter ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အလုပ်ကို အချိန်ကြာကြာ အားစိုက်လုပ်ရင်လုပ်၊ မလုပ်ရင်ထွက်သွားကြဖို့ ကုမ္မဏီအကြီးအကဲသစ် Elon Musk က ရာဇသံပေးလိုက်ပြီးတဲ့နောက် ဝန်ထမ်းရာနဲ့ချီ အလုပ်ကနေ နှုတ်ထွက်ခဲ့ကြပါတယ်။

သူ့အဆို Twitter 2.0 ကိုကြာသပတေးနေ့ အမေရိကန် အရှေ့ခြမ်းစံတော်ချိန် ၅ နာရီမှာ စတင်တော့မှာဖြစ်တဲ့အတွက် အလုပ်ချိန်ကြာကြာနဲ့ အလုပ်ကို အားစိုက်ထုတ်မယ့် အမာခံဝန်ထမ်းအဖြစ် လက်ခံမခံ၊ Form တခုကို Elon Musk က ဝန်ထမ်းတွေကို ပေးပို့ခဲ့ပြီး လက်မခံနိုင်တဲ့ ဝန်ထမ်းတွေအနေနဲ့ ၃ လအတွင်း အလုပ်က ထွက်သွားနိုင်တယ်လို့ ပြောကြားတာကို Twitter ဝန်ထမ်းတွေက လူမှုကွန်ရက်တွေပေါ်မှာ ရေးတင်နေခဲ့ကြပါတယ်။

အဲဒီလို ရာဇသံထွက်လာပြီး နာရီပိုင်းအကြာမှာပဲ Twitter ဝန်ထမ်း ရာဂဏန်း နှုတ်ထွက်စာတင်ခဲ့ကြတယ်လို့ အထင်ကရသတင်းစာကြီးတွေပါအဝင် အမေရိကန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အရေအတွက် အတိအကျ မသိရနိုင်သေးပေမယ့် ဝန်ထမ်းတော်တော်များများ Twitter ကိုစွန့်ခွာခဲ့ပြီလို့ လူမှုကွန်ယက်ပေါ်မှာ ရေးတင်ခဲ့ကြပါတယ်။

Twitter ကုမ္ပဏီကို Elon Musk ဝယ်ယူခဲ့ပြီးနောက် ထိပ်တန်းရာထူးရှိသူတွေအပါအဝင် ကမ္ဘာတဝန်းက Twitter ဝန်ထမ်း ထက်ဝက်လောက်ကို အလုပ်က ဖြုတ်ခဲ့ပါတယ်။ လိုအပ်သလောက် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ကဖြုတ်လိုက် တာဟာ အမေရိကန်ပြည်ထောင်စုနဲ့ California ပြည်နယ် အလုပ်သမားဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်ဆိုတယ်ဆိုပြီး ဝန်ထမ်းဟောင်းတချို့ကလည်း တရားစွဲထားကြပါတယ်။

XS
SM
MD
LG