{{Zawgyi/Unicode}}
ေဒသတြင္းဆႏၵျပပြဲေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ သံုးေနၾကတဲ့ Milk Tea Alliance hashtag အတြက္ သီးျခား emoji သေကၤတေလး Twitter က ထုတ္ျပန္လိုက္ပါတယ္။
Milk Tea Alliance hashtag ကို တရုတ္အစုိးရကုိ ဆန္႔က်င္တဲ့ ေဟာင္ေကာင္နဲ႔ ထိုင္၀မ္တုိ႔က ဒီမုိကေရစီအေရး လႈပ္ရွားမႈေတြမွာ တညီတညြတ္ထဲ အသုံးျပဳခဲ့ၾကရာက ေနာက္ပုိင္းမွာ ျမန္မာႏုိင္ငံက စစ္အာဏာသိမ္းမႈဆန္႔က်င္ေရးလုပ္ရွားမႈ၊ ထုိင္းႏုိင္ငံက ဒီမုိကေရစီအေရး လႈပ္ရွားမႈတုိ႔အျပင္ ႏုိင္ငံတကာမွာပါ က်ယ္ျပန္႔စြာ အသံုးျပဳလာၾကတာပါ။
Milk Tea Alliance စတင္သုံးစြဲမႈ တႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ထုတ္လုိက္တဲ့ ေနာက္ခံအေရာင္ ၃ ခုပါ ဒီ emoji လက္ဖက္ရည္ခြက္ ပုံစံသစ္ကုိ ျမန္မာ၊ ထုိင္း၊ တရုတ္ စတဲ့ ဘာသာစကားအေတာ္မ်ားမ်ားနဲ႔ ပူးတြဲ ေဖာ္ျပထားတာပါ။
ျမန္မာျပည္အတြက္ထုတ္တဲ့ emoji အသစ္ကုိေတာ့ “ႏုိ႔ လက္ဖက္ရည္ မဟာမိတ္” ဆုိတဲ့ စာတန္းနဲ႔ ပူးတြဲ ေဖာ္ျပထားပါတယ္။
ေဟာင္ေကာင္က ဒီမုိကေရစီအေရးလႈပ္ရွားမႈနဲ႔ ထိုင္၀မ္က လြတ္လပ္ေရးလႈပ္ရွားမႈတုိ႔ကုိ ေထာက္ခံအားေပးတယ္ဆုိၿပီး ထုိင္းႏုိင္ငံက ထုိင္းရုပ္ရွင္မင္းသားနဲ႔ သူ႔ရဲ႕ခ်စ္သူတုိ႔ကုိ တရုတ္အမ်ဳိးသားေရး၀ါဒီေတြက Twitter ေပၚမွာ ေ၀ဖန္ ေျပာဆုိမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလာၿပီးတဲ့ေနာက္ ဒီ Milk Tea Alliance ဆုိတဲ့ ေ၀ါဟာရ Twitter လူမႈကြန္ယက္ေပၚမွာ ေပၚထြက္လာခဲ့တာပါ။
ထုိင္း၊ ေဟာင္ေကာင္နဲ႔ ထိုင္၀မ္တုိ႔မွာ ႏုိ႔နဲ႔ေဖ်ာ္ေသာက္တဲ့ လက္ဖက္ရည္ကုိ ႀကိဳက္ႏွစ္သက္ၾကတာျခင္း တူညီမႈကုိ အေျခခံၿပီး ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။
Twitter လူမႈကြန္ယက္ေပၚမွာ Hashtag ခံၿပီးေရးၾကတဲ့ ဒီ Milk Tea Alliance ဆုိတဲ့ ေ၀ါဟာရဟာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးတဲ့ေနာက္ပုိင္း ဆႏၵျပသူေတြက ေဒသတြင္းႏုိင္ငံေတြရဲ႕ ေထာက္ခံမႈေတြရေအာင္ ဒီစကားလုံးကုိ သုံးစြဲလာၾကရာက တေၾကာ့ျပန္ လူသုံးမ်ားလာၿပီး ႏုိင္ငံတကာမွာပါ ပုိၿပီး က်ယ္ျပန္႔လာခဲ့တာ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ တႏွစ္အတြင္း #MilkTeaAlliance အသုံးျပဳမႈ ၁၁ သန္းေက်ာ္ ရွိခဲ့တယ္လုိ႔ Twitter က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အလားတူပဲ #MeToo #BlackLivesMatter စတဲ့ အေမရိကန္က လႈပ္ရွားမႈေတြနဲ႔ဆုိင္တဲ့ emoji ေတြကုိလည္း Twitter က အေစာပုိင္းမွာ ထုတ္ခဲ့ဖူးပါတယ္။
.......................................................
{{Unicode}}
ဒေသတွင်းဆန္ဒပြပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတဲ့ Milk Tea Alliance hashtag အတွက် သီးခြား emoji သင်္ကေတလေး Twitter က ထုတ်ပြန်လိုက်ပါတယ်။
Milk Tea Alliance hashtag ကို တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့က ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တညီတညွတ်ထဲ အသုံးပြုခဲ့ကြရာက နောက်ပိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလုပ်ရှားမှု၊ ထိုင်းနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုတို့အပြင် နိုင်ငံတကာမှာပါ ကျယ်ပြန့်စွာ အသုံးပြုလာကြတာပါ။
Milk Tea Alliance စတင်သုံးစွဲမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လိုက်တဲ့ နောက်ခံအရောင် ၃ ခုပါ ဒီ emoji လက်ဖက်ရည်ခွက် ပုံစံသစ်ကို မြန်မာ၊ ထိုင်း၊ တရုတ် စတဲ့ ဘာသာစကားအတော်များများနဲ့ ပူးတွဲ ဖော်ပြထားတာပါ။
မြန်မာပြည်အတွက်ထုတ်တဲ့ emoji အသစ်ကိုတော့ “နို့ လက်ဖက်ရည် မဟာမိတ်” ဆိုတဲ့ စာတန်းနဲ့ ပူးတွဲ ဖော်ပြထားပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ ထိုင်ဝမ်က လွတ်လပ်ရေးလှုပ်ရှားမှုတို့ကို ထောက်ခံအားပေးတယ်ဆိုပြီး ထိုင်းနိုင်ငံက ထိုင်းရုပ်ရှင်မင်းသားနဲ့ သူ့ရဲ့ချစ်သူတို့ကို တရုတ်အမျိုးသားရေးဝါဒီတွေက Twitter ပေါ်မှာ ဝေဖန် ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးတဲ့နောက် ဒီ Milk Tea Alliance ဆိုတဲ့ ဝေါဟာရ Twitter လူမှုကွန်ယက်ပေါ်မှာ ပေါ်ထွက်လာခဲ့တာပါ။
ထိုင်း၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာ နို့နဲ့ဖျော်သောက်တဲ့ လက်ဖက်ရည်ကို ကြိုက်နှစ်သက်ကြတာခြင်း တူညီမှုကို အခြေခံပြီး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Twitter လူမှုကွန်ယက်ပေါ်မှာ Hashtag ခံပြီးရေးကြတဲ့ ဒီ Milk Tea Alliance ဆိုတဲ့ ဝေါဟာရဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ဆန္ဒပြသူတွေက ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံမှုတွေရအောင် ဒီစကားလုံးကို သုံးစွဲလာကြရာက တကြော့ပြန် လူသုံးများလာပြီး နိုင်ငံတကာမှာပါ ပိုပြီး ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တနှစ်အတွင်း #MilkTeaAlliance အသုံးပြုမှု ၁၁ သန်းကျော် ရှိခဲ့တယ်လို့ Twitter က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အလားတူပဲ #MeToo #BlackLivesMatter စတဲ့ အမေရိကန်က လှုပ်ရှားမှုတွေနဲ့ဆိုင်တဲ့ emoji တွေကိုလည်း Twitter က အစောပိုင်းမှာ ထုတ်ခဲ့ဖူးပါတယ်။