သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်စီးပွားရေးဆု အမေရိကန်နှစ်ဦး ချီးမြှင့်ခံရ


Two American economists have won this year's Nobel Memorial Prize
Two American economists have won this year's Nobel Memorial Prize
၂၀၁၂ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်အမှတ်တရဆုကို အမေရိကန် စီးပွားရေးပညာရှင်နှစ်ဦးကို ချီးမြှင့်လိုက်ပါတယ်။ ဈေးကွက်ထဲမှာ မတူကွဲပြားတဲ့ လုပ်ငန်းတွေနဲ့ ထိရောက်နိုင်သမျှ ထိရောက်မှုအရှိဆုံး လိုက်လျောညီထွေဖြစ်စေတဲ့ ဈေးကွက် ဆိုင်ရာအဖွဲ့အစည်းတွေကို ပုံစံထုတ်ခဲ့ကြတဲ့အတွက် ဒီဆုကို ချီးမြှင့်လိုက်တာပါ။

ဟားဗတ်ဒ်တက္ကသိုလ်က စီးပွားရေးပါမောက္ခ Alvin Roth နဲ့ လော့စ်အိန်ဂျလိစ်မြို့၊ ကာလီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခ Lloyd Shapley တို့ကို ဆုချီးမြှင့်လိုက်တဲ့အကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့ ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက တနင်္လာ နေ့မှာ ကြေညာတာပါ။

ဈေးကွက်ထဲက မတူကွဲပြားတဲ့ လူပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေအကြား တဘက်နဲ့တဘက် လှည့်ဖျား အသုံးချတာမျိုး လုပ်ချင်တာကို တည်ငြိမ်တဲ့အခြေအနေနဲ့ ထိန်းချုပ်ကန့်သတ်တဲ့ လိုက်လျောညီထွေဖြစ်စေမယ့် လုပ်ငန်းစဉ်တရပ်ကို ဖော်ဆောင် ခဲ့တဲ့အတွက် အသက် ၈၉ နှစ်အရွယ် Shapley ကို အကယ်ဒမီက ချီးကျူးပြောဆိုခဲ့ပါတယ်။ Shapley ရဲ့သီအိုရီဟာ အရေးကြီး တဲ့ ဈေးကွက် လုပ်ငန်းဆောင်တာတွေ လက်တွေ့မှာ တိုးတက်နိုင်စေတယ်ဆိုတာကို သက်သေပြတဲ့ စမ်းသပ်ချက်တွေ လုပ်ခဲ့တဲ့ အတွက် အသက် ၆၀ အရွယ် Roth ကို ဂုဏ်ပြုခဲ့ပါတယ်။
XS
SM
MD
LG