သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုန်းဖန်ပွဲဈေး ဗုံးကွဲမှု ၃ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော် (ဓါတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော် (ဓါတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ အုန်းဖန်မြို့က ပွဲတော်တခုမှာ ဗုံးကွဲလို့ ၃ ဦး သေဆုံးပြီး၊ ၄၈ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဗုံးခွဲမှုနဲ့ ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးထားသူ ၂ ဦးမှာ တဦးက KNU အဖွဲ့ဝင်တဦးဖြစ်ပြီး ကျန်တဦးက ထိုင်းနိုင်ငံသား ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

သောကြာနေ့ညက တာ့ခ်ခရိုင် အုန်းဖျန်ကြက်ခြေနီအဖွဲ့ ရန်ပုံငွေပွဲ ကျင်းပနေတဲ့ ပွဲဈေးတန်း လူအုပ်ထဲကို ပစ်ထည့်ခဲ့တဲ့ ဗုံးပေါက်ကွဲလို့ ၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အသုံးပြုခဲ့တဲ့ဗုံးက လက်လုပ်ဗုံးအမျိုးအစား ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယနဲ့ ဖမ်းဆီးထားတဲ့ လူငယ် ၂ ဦးကို စစ်ဆေးခဲ့ရာမှာ တဦးက ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်ဖြစ်ပြီး၊ ကျန်တဦးက ထိုင်းနိုင်ငံသား ဖြစ်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး Archayont Kraithong က ပြောကြားခဲ့ပါတယ်။

အရင်ရန်စရှိခဲ့သူကို သံသယရှိတဲ့ မြန်မာက ပွဲခင်းထဲမှာတွေ့ပြီး ဗုံးပစ်ထည့်လိုက်တာလို့ တာ့ခ်ခရိုင် ရဲဗိုလ်ချုပ် Samrit Ekamol စမရစ်အီကမိုကလည်း ပြောကြားခဲ့ပါတယ်။ အမည်မဖေါ်လိုတဲ့ KNU တာဝန်ရှိသူတဦးကတော့ ဒီဗုံးခွဲတိုက်ခိုက်မှုမှာ KNU ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနဲ့ အဲဒီအရပ်ဒေသမှာ KNU တပ်ဖွဲ့ဝင်တွေ မရှိဘူးလို့ AFP သတင်းဌာနကို ငြင်းဆိုထားပါတယ်။

ဒီ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းရုံးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ KNU အဖွဲ့ဝင် ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ တစုံတရာ ဖော်ပြထားခြင်း မရှိပေမဲ့၊ အခုလို အကြမ်းဖက်လုပ်ရပ်ကို လက်မခံသလို၊ ပြုလုပ်သူကိုလည်း ကန့်ကွက်ရှုံချတယ်လို့ ဖေါ်ပြထားပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့ အုန်းဖန်မြို့ဟာ KNU တပ်မဟာ ၆ နယ်မြေနဲ့ ကပ်လျက်ရှိပြီး၊ အနီးအနားမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည် စခန်းတခုလည်း ရှိပါတယ်။

This item is part of

Forum

XS
SM
MD
LG