သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားရေး လှုပ်ရှားသူ ၂၀ ကျော် ကမ္ဘောဒီးယားရုံးတင်


မြူနီစပယ် တရားရုံးရှေ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်။ (ဧပြီ ၂၅၊ ၂၀၁၄)
မြူနီစပယ် တရားရုံးရှေ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်။ (ဧပြီ ၂၅၊ ၂၀၁၄)
ကမ္ဘောဒီးယားနိုင်ငံမှာ ဇန်နဝါရီလတုန်းက အဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမား ရပိုင်ခွင့်လှုပ်ရှားသူ ၂၃ ဦးရဲ့ အမှုကို ကြားနာနေတဲ့ ဖနွမ်ပင်မြို့က မြူနီစပယ် တရားရုံး အဆောက်အဦးရှေ့မှာ သောကြာနေ့က ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ပဋိပက္ခတွေဖြစ်ပွါးခဲ့ပါတယ်။

သူတို့ဟာ အလုပ်သမားအရေး ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်ခဲ့မှုနဲ့ တရားစွဲဆိုခံနေရတာဖြစ်ပြီး ဒီတက်ကြွလှုပ်ရှားသူတွေကို လက်ထိပ် ခတ်ခေါ်ဆောင်လာခဲ့တဲ့နောက် အခန်း ၃ ခန်းမှာ ခွဲပြီး အမှုစစ်ဆေးတာဖြစ်ပါတယ်။

အဲဒီအချိန်က အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူ ၂၁ ဦးကိုဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။ နောက် ၂ ဦးကတော့ အာမခံနဲ့ လွှတ်ထား တာဖြစ်ပြီး သောကြာနေ့က တရားရင်ဆိုင်ဖို့ ခေါ်ဆောင်လာတာဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံ့ရဲ့ အနိမ့်ဆုံးလစာကို ၂ ဆတိုးပေးဖို့ တောင်းဆိုကြတဲ့ အထည်ချုပ်စက်ရုံ ဆန္ဒပြမှုနောက်ပိုင်း အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီ ဆန္ဒပြမှုမှာ လုံခြုံရေးအစောင့် တွေရဲ့ ပစ်ခတ်မှုကြောင့် ၄ ဦးထက်
မနည်းေ သဆုံးခဲ့ရပြီး ဒါဇင်နဲ့ ချီ ဒဏ်ရာရခဲ့တာပါ။

အဖမ်းခံခဲ့ရတဲ့ အလုပ်သမားသမဂ္ဂ တက်ကြွလှုပ်ရှားသူ တဦးကတော့ ဒီလိုဖမ်းဆီးမှုဟာ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။ အလုပ်သမား ဆန္ဒပြထုတ်ဖေါ်မှုတွေကို တားမြစ်ထားတာမို့ ဒီတက်ကြွလှုပ်ရှားသူတွေ တရားစွဲခံရတာလို့ သူတို့ကို ထောက်ခံသူတွေက ပြောပါတယ်။

တရားရုံးအပြင်ဘက်မှာ သူတို့ကို ထောက်ခံသူ တစ်ရာလောက်နဲ့ အဓိကရုဏ်း ရဲ တစ်ရာလောက်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် ဆန္ဒပြသူ အတော်များများ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
XS
SM
MD
LG