သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာလိမ်ထုတ်သွားတဲ့ နိုင်ငံခြားသား ၂ ဦး လေဆိပ်မှာ မိ


ဒေါ်လာလိမ်ထုတ်သွားသည့် ဂျော်ဂျီယာနိုင်ငံသား ၂ ဦး
ဒေါ်လာလိမ်ထုတ်သွားသည့် ဂျော်ဂျီယာနိုင်ငံသား ၂ ဦး

ဒေါ်လာငွေ ၉ သောင်းကို အောက်ခံဘောင်းဘီတွေထဲ ဝှက်ပြီးခိုးထုတ်ဖို့ လုပ်တယ်လို့ သံသယရှိတဲ့အတွက် ဂျော်ဂျီယာ နိုင်ငံသား ၂ ဦးကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဧပြီ ၂၂ ရက် စေနေနေ့ ရန်ကုန် ရဲတပ်ဖွဲ့ရဲ့ Facebppl စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

အဖမ်းခံရသူ ၂ ဦးဟာ အသက် ၆၄ နှစ်အရွယ် Janjgava Revas နဲ့ အသက် ၅၁ နှစ်အရွယ် Narmania Malkhaz တို့ဖြစ်ပြီး သူတို့ဟာ သောကြာနေ့က ရန်ကုန်မှာ ငွေလဲလှယ်တဲ့ နေရာ တခုမှာ ဒီငွေတွေကို လိမ်လည် လှည့်ဖျားပြီး ခိုးယူခဲ့တာလို့ ဆိုပါတယ်။

ရန်ကုန်လေဆိပ်မှာ သူတို့ကို အောက်ခံဘောင်းဘီထဲ ဝှက်ထားတဲ့ ဒေါ်လာငွေ ၉ သောင်းနဲ့ အတူ တွေ့ရတယ်လို့ ရဲက ပြောပါတယ်။ သူတို့ကို ရန်ကုန်ကထောင်မှာ ဖမ်းဆီးထားပြီး သူတို့အနေနဲ့ အမှုရင်ဆိုင်ရဖို့ ရှိတယ်လို့လည်း ရဲက ပြောပါတယ်။

ငွေလဲလှယ်တဲ့ ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းက သူတို့ကို ဒေါ်လာ ၉ သောင်း ပေးခဲ့တာ ဖြစ်ပြီး ဒီငွေသားနဲ့ ညီမျှတဲ့ မြန်မာငွေမရခင် ပေးခဲ့တာလို့ ကိုဇော်ဝင်းက AFP သတင်း ဌာနကို ပြောပါတယ်။ သူတို့ ၂ ဦးက ဒေါ်လာတွေပါတဲ့ အိတ်ကို ထားခဲ့ပြီး မကြာခင် မြန်မာငွေပေးဖို့ ပြန်လာမယ်လို့ ပြောခဲ့ပေမယ့် ဆယ်မိနစ်လောက် အကြာမှာ အိပ်ကိုဖွင့်ကြည့်မှ လိမ်လည်သွားမှန်း သိရတယ် လို့လည်း ပြောပါတယ်။

သူတို့ ၂ ဦးဟာ မြန်မာနိုင်ငံကို ခရီးသွားဗီဇာနဲ့ လာရောက်သူတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG